အသံ ဆူညံ မှု လျှော့ ချနိုင်ပါ က နှလုံးရော ဂါဖြင့် သေဆုံး မှုများ ကိုပါ လျှော့ချနိုင်မည်

အမေရိကန် နိုင်ငံတွင် လေ့လာထားသော စစ်တမ်းတစ်ရပ် အရ အသံဆူညံမှုများကို လျှော့ချနိုင်မည် ဆိုပါက သွေးတိုးနှင့် နှလုံးရောဂါ ဖြစ်ပွားနှုန်း များကိုပါ လျှော့ချနိုင်မည်ဖြစ်ပြီး ကျန်းမာရေး အသုံးစရိတ် တစ်နှစ်ကို ဒေါ်လာ သုံးဘီလီယံလောက်ထိ လျော့ကျ သွားမည်ဖြစ်ကြောင်း သိရသည်။

လေထု ညစ်ညမ်းမှု အပါအ၀င် ပြည်သူလူထုကို ကျန်းမာရေး ၀န်ပိစေမယ့် ကိစ္စ တော်တော်များများကို ထိန်းချုပ်ထားနိုင် ပေမယ့် အခုအချိန်ထိ အသံဆူညံမှု လျှော့ချဖို့ ကိစ္စကိုကျတော့ မေ့မေ့လျော့လျော့ ဖြစ်နေကြပါသေးတယ်””ဟု စစ်တမ်း အဖွဲ့ခေါင်းဆောင် မစ်ရှီဂန် တက္ကသိုလ် အများပြည်သူ ကျန်းမာရေးသင်တန်း ကျောင်းမှ ဒေါက်တာ ရစ်ချတ်နိုင်ဇယ်က ပြောသည်။

အသံဆူညံသော ၀န်းကျင်မှာ နေထိုင်ရသူများသည် အသံဆူညံမှုကြောင့် ညည အိပ်ပျက်ကာ စိတ်ဖိစီးစေသော ဟော်မုန်း အထွက် များခြင်းသည် နှလုံးရောဂါကို ဖြစ်ပွားစေသော အဓိက လက်သည် ဖြစ်ကြောင်း ဒေါက်တာ ရစ်ချတ်ကပြောသည်။

အမေရိကန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီသည် လူတစ်ယောက် တစ်ရက်လျှင် အမြင့်ဆုံး ဒစ်ဆီဗယ် (၅၅) ထိသာ ထိတွေ့သင့်သည်ဟု ၁၉၇၄ ခုနှစ်ကတည်းက သတ်မှတ်ထားခဲ့သည်။ သို့သော် လေ့လာမှုအရ အမေရိကန် နိုင်ငံသား (၄၆ ဒသမ ၂) ရာခိုင်နှုန်း (၁၄၅ ဒသမ ၅ သန်း) သည် ဒက်ဆီဗယ် ၅၈ ထိ နေ့စဉ် ထိတွေ့ခံစားနေရပြီး (၁၃ ဒသမ ၉) ရာခိုင်နှုန်း (၄၃ ဒသမ ၈ သန်း) သည်ကား (၆၅) ဒက်ဆီဗယ်ထိ ထိတွေ့နေရကြောင်း ၂၀၁၃ ခုနှစ် စာရင်းများအရ သိရသည်။

အသံဆူညံမှု (၁၀) ဒက်ဆီဗယ် တိုးလာတိုင်း သွေးတိုးနှင့် နှလုံးရောဂါ ဖြစ်နိုင်ခြေ (၇) ရာခိုင်နှုန်းမှ (၁၇) ရာခိုင်နှုန်း အထိ တိုးလာကြောင်း သိရသည်။ သွေးတိုးနှင့် နှလုံးရောဂါ အတွက် အမေရိကန် ကျန်းမာရေး အသုံးစရိတ် (၁၅) ရာခိုင်နှုန်းထိ အသုံးပြု နေရသည်။ ငွေကြေးအားဖြင့် တစ်နှစ်လျှင် (၃၂၄) ဘီလီယံ ဒေါ်လာထိ ရှိသည်။ အမေရိကန် နိုင်ငံသား သုံးပုံတစ်ပုံသည် သွေးတိုး ရှိနေကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် တားမြစ်ရေး အဖွဲ့ကြီး (CDC) က ထုတ်ပြန်ပြောကြားသည်။

နေ့စဉ် ထိတွေ့နေရသည့် အသံဆူညံမှုနှုန်းကို (၅) ဒက်ဆီဗယ် လျှော့ချလိုက် နိုင်တိုင်း သွေးတိုးဖြစ်ပွားမှု (၁ ဒသမ ၄) ရာခိုင်နှုန်း၊ နှလုံးရောဂါဖြစ်ပွားမှု ၁ ဒသမ (၈) ရာခိုင်နှုန်း လျော့ကျသွားနိုင်ကြောင်း စစ်တမ်းက တွက်ချက်ပြသည်။ ငွေကြေးဖြင့် ပြန်တွက်မည် ဆိုပါက နိုင်ငံအတွက် ကျန်းမာရေး အသုံးစရိတ် ဒေါ်လာ သန်း (၃၉၀၀) ထိ လျှော့ချလိုက် နိုင်ခြင်း ဖြစ်သည်။ လေ့လာမှု စစ်တမ်းကို Journal of Preventive Medicine ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။

messenger

မှတ်ချက်များ