ခန္ဓာကိုယ် အနုပညာပြပွဲ
ခန္ဓာကိုယ် အနုပညာပြပွဲ (Body Art)ကို အစ္စရေးနိုင်ငံမှာ ကျင်းပ ပြုလုပ် ခဲ့ရာ စိတ်လှုပ်ရှား ရင်ခုန်စရာကောင်းတဲ့ ပြကွက်တွေကို မြင်တွေ့ ခဲ့ရကြောင်း သိရပါတယ်။ တဲလ်အဗစ်မှာ ကျင်းပ ခဲ့တဲ့ ဒီပြပွဲ ဟာ ခန္ဓာကိုယ် မှာ ရှိတဲ့ အရာတွေကို အနုပညာ ဖန်တီးမှုတွေနဲ့ ပြုလုပ် ထားခြင်း ဖြစ်ပါတယ်။ တုန်လှုပ်ချောက်ချားစရာ အခြေအနေမျိုး ဖြစ်ပေမယ့် ဘ၀မှာ တစ်ခါသာ တစ်စုတဝေးတည်း မြင်နိုင်တဲ့ ပြကွက်တွေ ဖြစ်တာကြောင့် စိတ်ဝင်တစား လာရောက် ကြည့်ရူသူ အများအပြား ရှိခဲ့ပါတယ်။
ခန္ဓာကိုယ် ကို အပေါက်တွေ ဖောက်ပြီး ချိတ်တွေနဲ့ ချိတ်ဆွဲခြင်းဟာ ကြောက်စရာ ပြကွက် ဖြစ်ပါတယ်။ အရေပြားပေါ်မှာ ကြီးမားတဲ့ ချိတ်တွေကို တွယ်တန်းပြီး ချိတ်ဆွဲမှု ပြုလုပ်တာ ဖြစ်ပါတယ်။ အမျိုးသား တစ်ဦး ဟာ ခန္ဓာကိုယ် ကို အနာခံပြီး ချိတ်တွေနဲ့ ဆွဲခဲ့သလို အမျိုးသမီး တစ်ဦးကလည်း နောက်ကျောမှာ အပေါက်တွေဖောက်ပြီး အ၀တ်အစား ပုံစံမျိုး ပြုလုပ် ၀တ်ဆင် ခဲ့ပါတယ်။
ဒီပြပွဲမှာ ဆေးမင်ကြောင်တွေ ရေးထိုးမှု ပြုလုပ် ကြသလို အထူးခြားဆုံးက မျက်စိမှာ ဆေးမင်ကြောင် ထိုးထားသူတွေ လည်း ပါဝင် ဆင်နွှဲ ခဲ့ခြင်း ဖြစ်ပါတယ်။ ခန္ဓာကိုယ် အပြည့် ဆေးမင်ကြောင် ထိုးထားသူ တွေကတော့ ပေါ်ပြူလာ ဖြစ်ခဲ့ပြီး သူတို့ ရဲ့ ဆေးမင်ကြောင်တွေကို ဂုဏ်ယူစွာ ပြသခဲ့ ကြပါတယ်။
messenger

မှတ်ချက်များ