ဟယ်လိုကစ်တီသမား မယ်လန်ဒက်ဇ်က နှုတ်ခမ်းကွဲသွားသည်။ မီနီမောက်စ် မိုချာက မျက်နှာဖူးရောင်သွား ကြောင်း Sky News က သတင်းတင်ပြသည်။အသက် (၄၀) အရွယ် မယ်လန်ဒက်ဇ်နှင့် (၃၄) နှစ်အရွယ် မိုချာတို့ကို ရန်ပြုတိုက်ခိုက်မှု ပုဒ်မများဖြင့် အမှုဖွင့်ထားသည်။ တိုင်းမ်စကွဲတွင် ကမ္ဘာလှည့် ခရီးသည်များ ကာတွန်းဇာတ်ကောင် ပုံများနှင့် ဓာတ်ပုံရိုက်နိုင်စေရန် အတွက် ၀န်ဆောင်မှု ပေးလျက်ရှိရာ အချို့သော ကာတွန်း ဇာတ်ကောင်ပုံ ၀တ်စားထားသူ များသည် ကမ္ဘာလှည့် အမျိုးသမီးများနဲ့ ဖက်ပြီး ဓာတ်ပုံရိုက် ရာတွင် အမျိုးသမီးများကို မဖွယ်မရာ ကိုင်ခြင်း နှိုက်ခြင်းများထိ လုပ်နေကြကြောင်း တိုင်ကြားခံရမှုများ ရှိနေသဖြင့်လည်း တိုင်းမ်စကွဲ ကာတွန်းဇာတ်ကောင် ၀န်ဆောင်မှုလုပ်ငန်းများ အသင်းကြီးက စည်းမျဉ်းများ တင်းကျပ်ဖို့ စီစဉ်နေသည်။
ပင့်ကူလူသားပုံစံ ၀တ်စားထားသူ တစ်ဦးသည်လည်း ရဲကို မျက်နှာ ပိတ်ထိုးမှု ဖြစ်ပွားခဲ့သည်။ သို့ဖြစ်သောကြောင့် ကာတွန်း ဇာတ်ကောင်များ အဖြစ် ကမ္ဘာလှည့်ခရီး သည်များနဲ့ တွဲပြီး ဓာတ်ပုံရိုက် ၀န်ဆောင်မှု အလုပ်လုပ်မည့် လူများအား လက်ဗွေမှတ် တမ်းယူထားခြင်း၊ လိုင်စင်လျှောက်ထား စေခြင်းများ လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကာတွန်းဇာတ်ကောင် အ၀တ်အစားများ ၀တ်ကာ ၀န်ဆောင်မှု ပေးသူ အများစုမှာ နယူးယောက် မန်ဟတ်တန် အရပ်မှ မဟုတ်ကြ။ အဲလ်မို ကာတွန်းဇာတ်ကောင် အဖြစ် လုပ်ကိုင်နေသည့် အက်ဒ၀င်ဂါစီယာ ဆိုသူက သူ့တွင် မိန်းမနှင့် သမီးငယ်လေး အတွက် စားစရိတ် နေစရိတ် ရှာဖွေနေရကြောင်း၊ သူတို့လို လုပ်ကိုင်သူ အများစုမှာ တစ်ဝမ်းတစ်ခါးအတွက် ရိုးသားစွာ လုပ်ကိုင်နေသူ များသာ ဖြစ်သည့်တိုင် သိုးမည်းများကြောင့် မျက်နှာပျက်စရာ ဖြစ်နေရကြောင်း ပြောသည်။
messenger

မှတ်ချက်များ