ဂျာမနီ ဂီတပွဲတော် မိုးကြိုးပစ်ခံရ


ဂျာမနီနိုင်ငံတွင် ဂီတ ဖျော်ဖြေပွဲ၌ မိုးကြိုး နှစ်ကြိမ်ဆက် ပစ်သဖြင့် လူ (၃၀) ကျော်ကို ဆေးရုံတင် ထားရကြောင်း သိရသည်။ ထိုပွဲတွင် Foo Fighters အပါအ၀င် နာမည်ကျော် ဂီတအဖွဲ့များ ပါဝင်ရန် စီစဉ် ထားသည်။

ဂျာမနီ အနောက်ပိုင်း Rock and Ring ဂီတပွဲတွင် စနေနေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
““လူ (၃၃) ယောက်ထိကို ဆေးရုံတင်ပြီး ကျန်းမာရေး စောင့်ရှောက်ကုသမှု ပေးထားရပါတယ်””ဟု ဂီတပွဲလုံခြုံရေး တာဝန်ယူထားသည့် ရဲတပ်ဖွဲ့က ပြောသည်။ အားလုံး ကျန်းမာရေးကောင်းသည် ဟု ဆိုသည်။

ဂီတပွဲတော်သို့ လူပေါင်း ထောင်သောင်းချီ တက်ရောက်ခဲ့ကြစဉ် မိုးကြိုးပစ်မှု ဖြစ်ပွားခြင်း ဖြစ်သည်။ ပါဝင် ဖျော်ဖြေရန် စီစဉ်ထားသည့် ဂီတအဖွဲ့များထဲတွင် The Prodigy ၊ Bastille ၊ Jamie ၊ T Slipknot အဖွဲ့များလည်း ပါဝင်သည်။ဂီတဖျော်ဖြေပွဲကို ဇွန် (၅) မှ (၇) ရက်နေ့ထိ ကျင်းပခဲ့သည်။

messenger

မှတ်ချက်များ