လှေစီးရွှေ့ပြောင်းဒုက္ခသည်များပြဿနာ နယ်ချဲ့ပုံစံသစ်မဟာဗျူဟာဟု စဉ်းစားသင့်၊ စဉ်းစားဆင်ခြင်မှုကင်းမဲ့စွာ ဖိအားပေးပြီး မြန်မာနိုင်ငံအပေါ်ပုံချလျှင် မြန်မာပြည်သူများကလည်း လက်ခံမည်မဟုတ်ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြောကြား
လှေစီးရွှေ့ ပြောင်းဒုက္ခသည်များနှင့်ပတ်သက် ပြီး မြန်မာနိုင်ငံကိုဖိအားပေးကာ အဆင်ခြင်ကင်းမဲ့စွာနှင့် စဉ်းစားဆင် ခြင်နိုင်ခြင်းမရှိဘဲ ယင်းပြဿနာကို မြန်မာနိုင်ငံအပေါ်ပုံချခြင်းသည် နယ် ချဲ့ပုံစံသစ် မဟာဗျူဟာဟု စဉ်းစား သင့်ပြီး မြန်မာပြည်သူများက လက်ခံ မည်မဟုတ်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့်က ပြော ကြားသည်။
ယနေ့ကျင်းပသည့် ပထမအ ကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေး ၅၈ ရက် မြောက်နေ့တွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ၏ လှေစီး ရွှေ့ပြောင်းသူများနှင့်ပတ်သက်၍ ပြတ် သားသော မူဝါဒချမှတ်ဆောင်ရွက် ရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်း ကြောင်းအဆိုနှင့်ပတ်သက်ပြီး လွှတ် တော်ကိုယ်စားလှယ်လေးဦး ဆွေးနွေး ခြင်းအပြီးတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက သြစတြေးလျသွားခဲ့သည့် ခရီးစဉ်တွင် ပြောကြားခဲ့ခြင်းအပေါ် ပြန်လည်ပြောပြခြင်းဖြစ်သည်။
ယင်းနှင့်ပတ်သက်ပြီး အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ''တို့ရဲ့ရေမြေ သယံဇာတ၊ ရာသီဥတုကောင်းမွန် တယ်။ တို့အစားအသောက်ဖူလုံ တယ်။ ကမ္ဘာမှာ အစားအသောက်ဖူ လုံတဲ့နေရာမှာ နံပါတ်တစ်ပဲ။ အဲဒီ တော့ သမုဒ္ဒရာကိုဖြတ်တာဟာ သာမန်ရိုးရိုးမဟုတ်ဘူး။ နိုင်ငံသစ် တည်ဆောက်ဖို့လားဆိုတာ ခေါင်းပါ ရင်စဉ်းစားနိုင်တယ်။ ရောက်ရာအ ရပ်မှာ သူတို့နဲ့ သဟဇာတဖြစ်အောင် သဲကန္တာရထဲက ကုလားအုတ်လိုပဲ ခေါင်းလေးဝင်လာပြီးတော့မှ ကိုယ် လုံးဝင်လို့ရအောင် နယ်မြေတောင်း ဆိုတာတွေဖြစ်အောင် လုပ်နေတာလား လို့ပဲရှင်းရှင်းပြောတယ်။ ဒါက နယ်ချဲ့ ပုံစံသစ် မဟာဗျူဟာတစ်ခုလို့ပဲ မစဉ်း စားသင့်ဘူးလား။ အဲဒီတော့ သူတို့ကို မြန်မာကလက်ခံပါဆိုတဲ့အခါကျတော့ မြန်မာနိုင်ငံကို ဖိအားပေးတာကျတော့ အဆင်ခြင်ကင်းမဲ့ပြီးတော့မှ စဉ်းစား ဆင်ခြင်နိုင်ခြင်းမရှိဘဲ ပြောနေတဲ့သူ တွေဖြစ်တယ်လို့ ကျွန်တော်အတိအ လင်းပြောတယ်။ အဲဒီတော့ နောက် ဆုံးမှာ ဒီပြဿနာကို မြန်မာနိုင်ငံ ပေါ်ပုံချရင် မြန်မာပြည်သူတွေကလဲ လက်ခံမှာမဟုတ်ဘူး''ဟု ပြောခဲ့သည်။
''ဘင်္ဂါလီတွေ ဒီလိုပြေးတာ နှစ် ပေါင်းခြောက်ထောင်လောက်က တည်းကပြေးတဲ့ ဖြစ်စဉ်အများကြီး ဖြစ်ခဲ့တယ်။ ဒီဖြစ်စဉ်မှာ အဲဒီအ ချိန်ကဖြစ်တာကတော့ လူမျိုးတစ် မျိုးကို အရမ်းကို နှိပ်ကွပ်သတ်ဖြတ် တဲ့အတွက် ထွက်ပြေးကြတာဖြစ် တယ်။ ဒီနေ့ဖြစ်တာကတော့ ငတ်မွတ် ခေါင်းပါးလွန်းလို့ ထွက်ပြေးကြတဲ့ သဘောဖြစ်တယ်။ ဒါကြောင့် ဒီကိစ္စ မှာ ပြဿနာရဲ့အရင်းမြစ်ကိုရှာပြီး ဝိုင်းဝန်းဆွေးနွေးမှရမယ်။ ဒီလူတွေ ရှင်းလိုက်ရင်လည်း နောက်ထပ်ပေါ် လာမှာပဲ။ အဲဒီတော့ ဒီလိုဖြစ်တဲ့ကိစ္စ မျိုးမှာ ရောက်ရာအရပ်မှာ မြန်မာလို့ ပြောခိုင်းနေတာ ဘယ်သူ့ရဲ့ မဟာဗျူ ဟာလဲ။ ဘယ်သူ့ရဲ့ အစီအမံလဲ ဒါပါ စဉ်းစားဖို့တယ်။ အဲဒီတော့ မြန်မာနိုင် ငံဆိုတာ စားနပ်ရိက္ခာပိုလျှံတဲ့အပြင် ဖူလုံတဲ့အတွက် ဆီရှိရင်ရတယ်။ ဆား ရှိရင်ရတယ်။ ပြီးတော့ ဆန်လည်း အ လုံအလောက်ရှိတယ်။ လူဦးရေလည်း ဒီလောက်များများမရှိဘူး။ လူဦးရေ ပေါက်ကွဲခြင်းလည်းမရှိဘူး''ဟု ဆက် လက်ပြောသည်။
မြန်မာနိုင်ငံတွင်ရောက်ရှိနေ သော လှေစီးရွှေ့ပြောင်းသူများနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်နိုင် ရေးအတွက် အမျိုးသားလွှတ်တော် တွင်ဆွေးနွေးကြရာတွင် လွှတ်တော် ကိုယ်စားလှယ်လေးဦးဖြစ်သည့် ရခိုင် ပြည်နယ် မဲဆန္ဒနယ်မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးခင်မောင် (ခ) ဦးအောင်ကျော်ဦး၊ မွန်ပြည်နယ်မဲ ဆန္ဒနယ်မှ ဒေါက်တာဗညားအောင်မိုး၊ ရခိုင်ပြည်နယ်မဲဆန္ဒနယ်မှ ဦးခင်မောင် လတ်နှင့် ရန်ကုန်တိုင်းဒေသကြီး မဲ ဆန္ဒနယ်မှ ဒေါ်ခင်ဝိုင်းကြည်တို့က လှေစီးရွှေ့ပြောင်းသူများနှင့်ပတ်သက် ၍ ပြတ်သားသောမူဝါဒချမှတ်ဆောင် ရွက်ရန် နိုင်ငံတော်အစိုးရအနေဖြင့် တိကျပြတ်သားစွာ ဆောင်ရွက်ဖို့လို အပ်ကြောင်း ထောက်ပြအကြံပြု ထောက်ခံဆွေးနွေးခဲ့ကြသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးအပြီးတွင် နိုင်ငံခြားရေးဝန် ကြီးဌာန ဒုတိယဝန်ကြီးဦးသန့်ကျော်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်နှင့် တပ် မတော်(ရေ) မှ ဗိုလ်မှူးချုပ်အောင်သော် တို့က ရှင်းလင်းပြောကြားပြီး ယင်းအ ဆိုကို လွှတ်တော်ကအတည်ပြုကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင် အောင်မြင့်က ကြေညာခဲ့သည်။
MO - ဒီမိုကရေစီတူဒေး

မှတ်ချက်များ