အောင်ဘာလေဆုကြေးငွေ သေးသေးလေးများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမှုလျော့နည်းစေရေး စီစဉ်နေ
အောင်ဘာလေ သိန်းဆုလစဉ်မဲနှိုက်ကာ ပေါက်မဲ နံပါတ်များကို ကျပ်ငွေဆုကြေးနည်း ပြီး သိရှိမှု မရှိသဖြင့် နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းရသည့် ပမာဏနည်းသွားရန် စီစဉ်သွား မည်ဖြစ်ကြောင်း ပြည်တွင်းအခွန် များဦးစီးဌာန မန္တလေးတိုင်းဒေသ ကြီး အောင်ဘာလေသိန်းဆုဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပြည်သူများ သိရှိစေရန် ကြေ ညာကာ ငွေကျပ်ငါးသောင်းမှ ကျပ် သိန်း ၁၅ဝဝ အထိ ဖွင့်လှစ်ပေး လျက်ရှိရာ ပြည်သူများအနေဖြင့် ငွေပမာဏနည်းသော ဆုကြေးငွေ များအား လာရောက်ထုတ်ယူမှုမှာ နည်းပါးလျက်ရှိခြင်းကြောင့် ယခုကဲ့ သို့ပြောကြားလိုက်ခြင်းဖြစ်သည်။
''အောင်ဘာလေသိန်းဆု လ စဉ်ပေါက်မဲနံပါတ်တွေကို ကြေညာ ပေးနေပါတယ်၊ အဲဒီထဲမှာ တချို့ဆု ကြေးတွေကနည်းတဲ့အတွက် ထီဆိုင် တွေက အကြောင်းကြားပေမယ့် အ ကြောင်းကြောင်းကြောင့် ထုတ်ယူ ခြင်းမရှိတာ၊ အကြောင်းကြားမှု မရှိ တာကြောင့် ထုတ်ယူခြင်းမရှိတာ တွေကြောင့် နိုင်ငံတော်ဘဏ္ဍာအ ဖြစ် သိမ်းဆည်းရတာ မရှိရအောင် သတင်းစာတွေမှာကြော်ငြာပေးမယ်'' ဟု မန္တလေးတိုင်းဒေသကြီး အောင် ဘာလေသိန်းဆုဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ထီပေါက်စဉ်များအား ကြော် ငြာသင်ပုန်းများ၌ ကပ်ခြင်း၊ စည် ပင်သာယာရေးကော်မတီရုံးရှိကြော် ငြာဘုတ်များ၌ ကြော်ငြာခြင်း၊ ထီ ဆိုင်များကိုလည်း အတတ်နိုင်ဆုံး အကြောင်းကြားပေးရန် တိုက်တွန်း သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူ များအနေဖြင့်လည်း ကိုယ်ထိုးထား သည့်ထီလက်မှတ် ပေါက်မပေါက် ကို ထီဖွင့်ရက်၌ ပြန်တိုက်ကြည့်ပေး ရန်အတွက် အသိပညာပေးလုပ်ငန်း များကိုလည်း လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူက ဆိုသည်။
ပြည်သူများဆုံးရှုံးမှုမရှိစေရန် စီစဉ်ခြင်းအပြင် ထီလက်မှတ်နှင့် ပတ်သက်သောပြဿနာများ မဖြစ် ပွားစေရန် ထီလက်မှတ်ပိုင်ရှင်၏ ၂ x ၃ လက်မ မျက်မှန်မတပ်ထား သည့်ဓာတ်ပုံသုံးပုံ၊ မှတ်ပုံတင်၊ အိမ် ထောင်စုဇယားမူရင်းမိတ္တူ၊ ထီလက် မှတ်နောက်ကျောတွင် ထီလက်မှတ် ကိုင်ကာ လာရောက်ထုတ်ယူသူ၏ လက်ဗွေ၊ လက်မှတ်တို့ကိုရယူသည့် အပြင် လာရောက်ထုတ်ယူသူအား သိန်းဆုဌာနတွင် မှတ်တမ်းထားရှိ ရန်အတွက် လျှောက်လွှာတစ်စောင် ကို ဖြည့်ရမည်ဖြစ်သည်။
လာရောက်ထုတ်ယူသော ထီ လက်မှတ်အတု၊ အစစ်သေချာစေ ရန်အတွက်လည်း ထီလက်မှတ်တွင် ထည့်သွင်းထားသော ရေစာပါ၊ မပါ စက်ဖြင့် စစ်ဆေးခြင်း၊ Scan ဖတ် ခြင်းနှင့် အခြားသောစစ်ဆေးချက် များကို လုပ်ဆောင်ပြီးမှသာ ပေါက် မဲဆုကြေးအား ချက်လက်မှတ်ဖြင့် နိုင်ငံတော်မှဖွင့်လှစ်ထားသောဘဏ် များတွင် သွားရောက်ထုတ်ယူနိုင် ရန် ပေးအပ်သည်ဟုဆိုသည်။
''လာရောက်ထုတ်ယူတဲ့ ထီ လက်မှတ်တွေကို ပြုပြင်ထားခြင်း ရှိ၊ မရှိသိရှိစေဖို့အတွက် စစ်ဆေးမှု တွေကိုလုပ်ပါတယ်၊ မသင်္ကာဖွယ် ရာတွေ့ရှိရရင် ထီလက်မှတ်ကို ရေ စိမ်ပြီး စစ်ဆေးမှုတွေကိုပါ ပြုလုပ် ပါတယ်၊ ဒါမျိုးပြဿနာ အရင်နှစ် ကတော့ ဖြစ်ခဲ့ဖူးပါတယ်''ဟု အဆို ပါဌာနမှ တာဝန်ရှိသူက ပြောကြား သည်။
အဆိုပါကဲ့သို့ ပြဿနာများ မဖြစ်စေရန်အတွက် အစီအစဉ်များ ပြုလုပ်ထားသည့်အပြင် ပြည်သူ များအနေဖြင့် ဆုကြေးငွေကို မသိ ရှိဘဲ ထုတ်ယူသည့် ပမာဏလျော့ နည်းသွားစေရန်လည်း စီစဉ်ထား ရှိကာ လက်မှတ်ပျောက်သဖြင့် ဆု ကြေးငွေ ထုတ်ယူနိုင်ခြင်းမရှိသည် မှလွဲ၍ အားလုံးထုတ်ယူနိုင်ရန် စီ စဉ်သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
HM(MMK) - ဒီမိုကရေစီတူဒေး

မှတ်ချက်များ