သားဖြစ်သူရဲ့ ကျောက်ကပ်နဲ့ အသက်ရှင်နေရတဲ့ မိခင်
အမေရိကန် ပြည်ထောင်စု၊ အီလီနွိုက်စ် ပြည်နယ်မှာနေထိုင်တဲ့ အသက် (၅၀) နှစ်အရွယ် ရို့စ်ပယ်ရီဟာ သားဖြစ်သူရဲ့ ကျောက်ကပ်ကြောင့် အသက်ရှင်နေထိုင်ခဲ့ ရတယ်လို့ သိရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရို့စ်ပယ်ရီဟာ ကျောက်ကပ်ဝေဒနာ ကို နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီး ကျောက်ကပ် အစားထိုးမှုပြုလုပ်ဖို့ ငါးနှစ်ကြာ စောင့်ဆိုင်းခဲ့ရပြီး သားဖြစ်သူရဲ့ ကျောက်ကပ်ကို အစားထိုးကုသမှုခံယူခဲ့ တာကြောင့် ဖြစ်ပါတယ်။
ထူးခြားတာက အသက်(၂၄)နှစ်ရှိ ပြီဖြစ်တဲ့ ရို့စ်ပယ်ရီရဲ့သားဖြစ်သူ ရိုနယ်လ် ဟာ ရုတ်တရက် လေဖြတ်ရောဂါခံစားပြီး သေဆုံးသွား ခဲ့ပါတယ်။ ဒီအချိန်မှာ ရို့စ် ပယ်ရီက မိသားစုနဲ့ တိုင်ပင်ပြီး သားဖြစ်သူ ရဲ့ ကျောက်ကပ်ကို ရယူဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ရို့စ်ပယ်ရီဟာ ကျောက်ကပ်ကို အစားထိုးကုသဖို့ စောင့်ဆိုင်းနေခဲ့ပေမယ့် ကိုက်ညီမှုမရှိတာမို့ ကျန်းမာရေးအခြေ အနေ တဖြည်းဖြည်း ဆိုးဝါးလာခဲ့ပါတယ်။ သေဆုံး သွားတဲ့ သားဖြစ်သူရဲ့ ကျောက်ကပ်ဟာ ရို့စ်ပယ်ရီနဲ့ ကိုက်ညီမှုရှိ နေပြီး ဆရာဝန် တွေက အစားထိုး ကုသဖို့ တိုက်တွန်းမှု ပြုလုပ်ခဲ့ပါတယ်။
ရို့စ်ပယ်ရီက သူ့အနေနဲ့ ဒီလိုမျိုး မပြုလုပ်ချင်ကြောင်း၊ သားဖြစ်သူ အသက်ရှင်သန်ဖို့ကိုသာ အလိုရှိကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ရို့စ် ပယ်ရီဟာ အားလုံးရဲ့ တိုက်တွန်းမှုကြောင့် ကျောက်ကပ် အစားထိုးမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ကျန်ရှိတဲ့ သားဖြစ်သူ ရဲ့ ကျောက်ကပ်ကို အခြား ဝေဒနာရှင် တစ်ဦးကို ဆက်လက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ရို့စ်ပယ်ရီကတော့ သူ့ရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ သားဖြစ်သူကို အလွန် ကျေးဇူးတင် မိကြောင်း ပြောကြားခဲ့ပါတယ်။
messenger

မှတ်ချက်များ