ဘရာဇီးနိုင်ငံ တူဘရာအိုမြို့က အန်တိုနီကာကမ့်ဒိုင်း ယက်ဆိုသူဟာ ဦးနှောက်ခွဲစိတ်မှုပြုလုပ်နေစဉ် ဆရာဝန်တွေကို ဂစ် တာတီးပြီး သီချင်းဆိုပြခဲ့ပါတယ်။
ဆရာဝန်တွေက အန်တိုနီရဲ့ဦးနှောက်ထဲက တုံ့ပြန်မှုပြု လုပ်တဲ့အစိတ်အပိုင်းတွေ မထိခိုက်စေဖို့ ရည်ရွယ်ပြီး မေ့ဆေးမပေး ဘဲ အစိမ်းခွဲခဲ့တာကြောင့် အခုလို ပြုလုပ်နိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။
ဒေါက်တာမာ့ခ်ဂျီဇိုနီ ဦးဆောင်တဲ့ ခွဲစိတ်ဆရာဝန်အဖွဲ့က ဦးနှောက်ခွဲစိတ်မှုပြုလုပ်တဲ့ လူနာတိုင်းကို ဦးနှောက်ရဲ့တုံ့ပြန်တဲ့အာရုံ စနစ်တွေ မပျက်စီးစေဖို့ရည်ရွယ်ပြီး အခုလိုပဲ အစိမ်းခွဲစိတ်ခြင်းဖြစ် တယ်လို့ ပြောပြပါတယ်။
ဆရာဝန်တွေက အန်တိုနီရဲ့ ဦးနှောက်ထဲကအကျိတ်ကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ပြီး အန်တိုနီကလည်း ခွဲစိတ်ပေးနေ တဲ့ ဆရာဝန်တွေကို ဂစ်တာတီးသီချင်းဆိုပြီး ပြန်လည်ဂုဏ်ပြုသွားခဲ့ ပါတယ်။
Yangon Media Group



မှတ်ချက်များ