ကန့်ကွက်မှုများရှိနေသည့် မြကျွန်းသာပန်းခြံရှိအဆောက်အအုံဆောက်လုပ်မှုအား ခေတ္တရပ်ဆိုင်း

photo Credit : http://www.goldenplacemyanmar.com/
မြကျွန်းသာပန်းခြံထဲတွင် ဆောက် လုပ်လျက်ရှိသောအဆောက်အအုံများဆောက်လုပ်နေ မှုကိုခေတ္တရပ်ဆိုင်းထားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှစစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်း ရန် ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

''မြကျွန်းသာပန်းခြံမှာအဆောက်အအုံတွေ ဆက်လက်ဆောက်ခွင့်မဆောက်ခွင့်ကိုအဖွဲ့ဖွဲ့ပြီး စစ် ဆေးဆောင်ရွက်သွားမယ်လို့သိရတယ်။ လောလော ဆယ်မြကျွန်းသာပန်းခြံမှာ အဆောက်အအုံတွေဆောက် လုပ်မှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စစ် ဆေးရေးတွေလုပ်ဆောင်နေပါတယ်''ဟု ရန်ကုန်
မြို့ တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ် ဦးကပြောသည်။

မြကျွန်းသာပန်းခြံတွင် ကုမ္ပဏီရှစ်ခုအား နှစ်ရှည်စာချုပ်ဖြင့်ငှားရမ်းပြီး အဆိုပါကုမ္ပဏီရှစ်ခုမှ မြကျွန်းသာပန်းခြံတွင် အပိုင်းလိုက်လုပ်ငန်းလုပ်ဆောင် ရွက်ခွင့်များကို လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။ ယင်းသို့ဆောက်လုပ်ရာတွင် အင်းလျားကန်ထဲသို့မြေ ဖို့ခြင်းများအပါအဝင် ဥပဒေနှင့်မညီသည့်ဖြစ်ရပ်များ လည်းရှိနေသည်ဆိုပြီး ဝေဖန်ကန့်ကွက်မှုများရှိလာခဲ့ ခြင်းဖြစ်သည်။

ယင်းအပြင် မြကျွန်းသာပန်းခြံသည် အ များပြည်သူများအပန်းဖြေအနားယူရန်အတွက်နှင့် က လေးများကစားရန်အတွက်သာဖြစ်သင့်သည်ဟု ဝေဖန်ပြောဆိုနေကြသည်။

ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ (YTH) မှ ဒါရိုက်တာဒေါ်မိုးမိုးလွင်က ''အင်းလျားကန်ကရန်ကုန်မြို့တော်စည်ပင်သာယာရေး (YCDC )ရဲ့စီမံခန့်ခွဲမှုအောက်မှာရှိရင် မြကျွန်းသာက လဲ (YCDC)ရဲ့အောက်မှာပဲရှိရမယ်။

ကန်တော်ကြီး နဲ့အင်းလျားကန်က ရန်ကုန်မြို့ရဲ့ အသက်ရှူပေါက်ဖြစ် လို့အများပြည်သူအတွက်ပဲဖြစ်သင့်တယ်။ အများပြည် သူအတွက်ဆိုရင် ပြည်သူအတွက်ပဲထားသင့်တယ်။ စီး ပွားရေးဆိုင်ရာ အဆောက်အအုံတွေမဆောက်သင့် ဘူး''ဟု ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့ (YTH) မှ ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွင် ထုတ် ပြန်ပြောကြားထားသည်။

အဆိုပါမြကျွန်းသာ ဥယျာဉ်တွင်တည်ဆောက် နေသည့်စီမံကိန်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ် နှံမှုကော်မရှင်တွင် အဆိုပြုလျှောက်လွှာတင်ထားခြင်း မရှိသေးကြောင်းလည်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ကပြောဆိုထားသည်။

ကိုသက် ၊ တိုးဝင်းလွင် - Yangon Media Group

မှတ်ချက်များ