မာရသွန်ပြိုင်ပွဲမှာ စံချိန်တင်နိုင်ခဲ့တဲ့ အဘွားအို






အမေရိကန်နိုင်ငံ မြောက် ကယ်ရိုလိုင်းနားပြည်နယ်က ချားလော့တ် မြို့မှာနေထိုင်တဲ့ စန္ဒရားပညာရှင်ဟောင်း အသက်၉၂နှစ်အရွယ် အမျိုးသမီးဟာ မာ ရသွန်ပြိုင်ပွဲကို ပြီးမြောက်အောင်မြင်နိုင်ခဲ့ တဲ့ အသက်အကြီးဆုံး အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့ပါတယ်။

Harriette Thompson လို့ အမည်ရတဲ့ ယင်းအမျိုးသမီးဟာ ဆန်ဒီဂို မြို့မှာ ကျင်းပခဲ့တဲ့ ရော့ခ်အန်ရိုးမာရသွန် ပြိုင်ပွဲမှာ ၇နာရီ၂၄မိနစ်နဲ့ ၃၆စက္ကန့်အတွင်း ပြီးမြောက်အောင် ပြေးပြနိုင်ခဲ့သူဖြစ်တယ် လို့ သိရပါတယ်။ အသက် ၉၂နှစ်အရွယ် ခန့်ရှိပြီဖြစ်တဲ့ Thompson ရော့ခ်အန် ရိုး မာရသွန်ပြေးပြိုင်ပွဲကို ၁၆ကြိမ်အထိ ပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး သူ ယှဉ်ပြိုင်နေ ချိန်မှာတော့ သားဖြစ်သူ Brenny သူ့ ဘေးကနေ ပါဝင်ခဲ့ပါတယ်။

Thompson က အဆိုပါရော့ခ် အန်ရိုးပြိုင်ပွဲကို ပြီးမြောက်အောင်ပြေးပြ နိုင်တာကို သူ့အနေနဲ့ မယုံကြည်နိုင်လောက် အောင် ဖြစ်မိပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ သူဟာ ဒီတစ်ကြိမ်ယှဉ်ပြိုင်မှုမှာ တော်တော် လေးမောပန်းခဲ့ပြီး ၂၁မိုင်လောက်မှာ ကုန်း မြင့်တစ်ခုကိုတက်ခဲ့ရပြီး အဲဒီကုန်းမြင့်ဟာ တောင်ကြီးတစ်တောင်လို့တောင် သူ့အနေ နဲ့ တွေးထင်မိခဲ့ပါတယ်လို့ Thompson က ပြောဆိုခဲ့ပါတယ်။

အရင်တုန်းက စံချိန်တင်ထားတဲ့ အသက်အကြီးဆုံး ပြီးမြောက်အောင်ပြေး ပြနိုင်တဲ့ မာရသွန်ပြိုင်ပွဲဝင် အမျိုးသမီးကြီး Gladys Burrill ကတော့ အသက်၉၂နှစ်နဲ့ ၁၉ရက်အရောက်မှာ ဟိုနိုလူလူမာရသွန် အပြေးပြိုင်ပွဲကို ပြီးမြောက်အောင်ပြေးပြ နိုင်ခဲ့တာဖြစ်ပြီး Thompson ကတော့ ယင်း စံချိန်ကို ချိုးဖျက်ကာ အသက် ၉၂နှစ်နဲ့ ၆၅ ရက်ရှိနေပါတယ်လို့ သိရပါတယ်။

သူဟာ အသက်၇၆နှစ်အရွယ် မှာ ပထမဦးဆုံး မာရသွန်ပြိုင်ပွဲကို ဝင် ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုရော့ခ်အန်ရိုးပြိုင်ပွဲကို လူတေးမီးယားနဲ့ ဗင်မ်ဖိုမားရောဂါသည်တွေအတွက် ထောက် ခံပေးဖို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်တယ် လို့ ဆိုပါတယ်။

Yangon Media Group

မှတ်ချက်များ