ကိုယ့်သွားကိုယ် ပြန်နုတ်ပြခဲ့တဲ့ ဆေးကျောင်းသား


ဒိန်းမတ်နိုင်ငံရှိ သွားဆေးတက်္ကသိုလ် တစ်ခုမှာ တက်ရောက်နေတဲ့ ဆေးကျောင်းသား တစ်ဦးဟာ ကိုယ့်သွားကိုယ် နုတ်ပြခဲ့ တာကြောင့် အံ့အား သင့်စရာဖြစ်ခဲ့ပါတယ်။ အသက်(၂၅)နှစ်အရွယ်ရှိ ဂျက်စ်ပါဟာ အပျော်သဘောနဲ့ ဒီလို ပြုမှုခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခဲ့တဲ့ မြင်ကွင်းကို ဗီဒီယို ရိုက်ကူးပြီး လူမှုကွန်ရက်ဝက်ဘ်ဆိုက်ဒ်မှာ လွှင့်တင်ခဲ့ရာ စိတ်ဝင်တစား ကြည့်ရှုသူ အများအပြားရှိခဲ့ပါတယ်။

ဂျက်စ်ပါဟာ ဘယ်ဘက်အပေါ် အံသွား သုံးချောင်းမြောက်ကို ကိုယ့်ဘာ ကိုယ်နုတ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ ဗီဒီယိုဖိုင် အရ ဂျက်စ်ပါရဲ့ ကိုယ့်သွား ကိုယ်နုတ်တဲ့ မြင်ကွင်းဟာ ထိတ်လန့်စရာ ဖြစ်ခဲ့ပါတယ်။ ဂျက်စ်ပါဟာ လက်ချောင်းနဲ့ သွားနုတ်တဲ့ ကိရိယာကိုအသုံးပြုပြီး အံသွားကို ဆွဲနုတ် ဖို့ ကြိုးစားခဲ့ခြင်းဖြစ်ပါတယ်။ ဂျက်စ်ပါဟာ အခြားသူတွေရဲ့ သွားတွေကို ကြိမ်ဖန်များ စွာ နုတ်ခဲ့ပေးဖူးပေမယ့် ကိုယ့်သွားကိုယ် ပြန်နုတ်ခြင်းက ပထမဆုံး အကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

ဂျက်စ်ပါဟာ တစ်နေ့ မှာ ပျင်းရိတာနဲ့ ကိုယ့်သွား ကိုယ်ပြန်နုတ်ဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဂျက်စ်ပါဟာ မှန်၊ သွားနုတ် ကိရိယာတွေကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ မှန်ကိုကြည့်ပြီး သွားနုတ် ကိရိယာကို ပါးစပ်ထဲကို ဆွဲသွင်းပြီး အံသွားကို ဆွဲဖြုတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဂျက်စ်ပါ ကတော့ ဗီဒီယိုဖိုင်ကို တင်ပြီးတဲ့နောက် မှာ ကျေးဇူးပြု၍ ကျွန်တော့်လိုမျိုး လိုက်မလုပ်ဖို့ မှာကြားလို ပါတယ်။ ကျွန်တော် ဟာ သွားဆေးတက္ကသိုလ်မှာ တက်ရောက် နေသူ ဖြစ်တာမို့ ကိရိယာတွေကို ဘယ်လို အသုံးပြုရမယ်ဆိုတာ ကောင်းစွာ သိထား တာကြောင့် ဒီလိုပြုလုပ်တာ ဖြစ်ပါတယ်လို့ ရေးသားဖော်ပြခဲ့ ပါတယ်။

messenger

မှတ်ချက်များ