ပြင်းထန်တဲ့ ရောဂါဝေဒနာကြောင့် သေလုမျောပါးဖြစ်နေတဲ့ ကျောင်းဆရာက ဆေး ရုံကုတင်ပေါ်ကနေပဲ သူ့ရဲ့တပည့်တွေအတွက် နောက်ဆုံးသင်ခန်းစာ သင်ကြားပေး နေချိန်မှာ မျက်ရည်မိုးတွေမဆည်နိုင်ရွာချခဲ့ရပါတယ်။
တရုတ်နိုင်ငံ၊ ချန်ဒူးပြည်နယ်၊ စီချွမ် အနုပညာနဲ့သိပ္ပံတက္ကသိုလ်မှာ တာဝန်ထမ်းဆောင် နေတဲ့အသက် ၃၄ နှစ်အရွယ်ရှိ ကျောင်းဆရာ လီရှင်ပင်းက လွန်ခဲ့တဲ့ဧပြီလကတည်း က အသည်းရောဂါနဲ့ ဆေးရုံတက် ဆေးကုသမှုခံယူခဲ့ကာ ခွဲစိပ်မှုအကြိမ်ကြိမ်ခံယူခဲ့ သော်လည်း မည်သို့မျှတိုးတက်လာခြင်းမရှိတော့ပဲ အခုလိုနောက်ဆုံးအချိန်ကိုရောက် ရှိသွားခဲ့တာပဲဖြစ်ပါတယ်။
ထို့အတွက်ကြောင့် သူ့ရဲ့ တပည့်အယောက် ၂၀ ကို သူ့ရဲ့ နောက်ဆုံးသင်ခန်းစာ အတွက် သူ့ရဲ့ဆေးရုံကုတင်ရှိရာသို့ လာရောက်သင်ယူကြရန်ဖိတ်ခေါ်ခဲ့ပါတယ်။
ရောဂါဝေဒနာကို အနိုင်နိုင်တိုက်ယူရင်း အရိုးပေါ်အရည်တင် ခန္ဓာကိုယ်နဲ့ ဆေးရုံကု တင်ထက်မှာ အသက်ငွေ့ငွေ့ရှူလဲလျောင်းနေတဲ့ ဆရာ့ကိုကြည့်ပြီး တပည့်တွေက စိတ်မကောင်းကြီးစွာဖြစ်ခဲ့ကြပါတယ်။
လီက တပည့်တွေအတွက် ဘဝမှာအရေးကြီး ဆုံးဖြစ်တဲ့ ကောာင်းမွန်စွာရှင်သန်နေ ထိုင်နည်း နဲ့တတ်နိုင်သမျှ စိတ်ချမ်းချမ်းသာသာ နေထိုင်ရမယ့်အကြောင်းတွေကို ၁၃ မိနစ်မျှ ကြိုးစားသင်ကြားပြသပေးပြီးနောက် တရုတ်နာမည်ကျော်သီချင်းဖြစ်တဲ့ A Greatful Heart သီချင်းကို တပည့်တွေကသံပြိုင်ဆိုဂုဏ်ပြုပေးချိန်မှာကျောင်းဆရာ၊ တပည့်တွေနဲ့ ဆေးရုံတစ်ရုံလုံးလူတွေကပါဖြည် မဆည်နိုင် ငိုကြွေးခဲ့ကြပါတယ်။
ဖိုးသူတော်



မှတ်ချက်များ