မလုံ့တလုံ့ဝတ်စားဆင်ယင်မှုတွေကြောင့် ကပ်ဘေးတွေဖြစ်ရကြောင်း ပါကစ္စတန်နိုင်ငံ ရေးခေါင်းဆောင်ပြစ်တင်ပြောကြား
အမျိုးသမီးတွေရဲ့ မလုံ့တလုံဝတ်စားဆင်ယင်မှုနဲ့ ရိုင်းစိုင်းတဲ့ ပြမူနေထိုင်ခြင်းတို့က နိုင်ငံအနှံ့အပြားမှာ ငလျှင်လှုပ်ခတ်ခြင်း၊ မြေပြိုခြင်းနဲ့ အခြားသောကပ်ဘေးတွေဖြစ် ရတဲ့ အဓိကအကြောင်းအရင်းတွေဖြစ်တယ်လို့ ပါကစ္စတန်နိုင်ငံရေးခေါင်းဆောင်က အခိုင်အမာဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်အနည်းငယ်က မြို့တော် အစ္စလာမ်ဘက်မှာကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲ တစ်ခုမှာ နိုင်ငံရေးအကြီးအကဲ မူလာနာ ဖေဇ်လာရေမန်က အမျိုးသမီးတွေအနေနဲ့ဝတ် စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး လှပ်ပေါ်လော်လီ၊ အနောက်တိုင်းစတိုင်အသားကပ် ဘောင်းဘီများနဲ့ အမြင်မသင့်တော်တဲ့နေထိုင်မှုတွေကြောင့် ယင်းသို့ကပ်ဆိုးများကိုဖန် တီးစေတာဖြစ်ကြောင်း ပြစ်တင်ရှုံ့ချပြောဆိုလိုက်ပါတယ်။
ထိုသို့ အစ္စလာမ်ကိုးကွယ်တဲ့ လူမျိုးတွေရဲ့နယ်မြေပတ်ဝန်းကျင်မှာ ထိုသို့အမြင်မတော် တာမျိုးတွေကို အမျိုးသမီးတွေကထပ်မံပြုလုပ်လာပါက ပါကစ္စတန်ဝန်ကြီးချုပ်ထံ အမျိုး သမီးတွေအပေါ် စစ်ပွဲဖန်တီးစေဖို့အထိအောင် တိုက်တွန်းပြောဆိုဖို့ရှိကြောင်းဆိုထား ပါတယ်။
ဘာသာရေးအယူအဆပြင်းထန်တဲ့ အစ္စလာမ်မစ်နိုင်ငံတွေရဲ့ ဥပဒေမှာအမျိုးသမီးတွေ နဲ့ပတ်သက်ပြီး နေအိမ်တွင်းမှအပြင်သို့လုံးဝပေးထွက်ခွင့်မပြုခြင်းကဲ့သို့သော ပြင်းထန် တဲ့ တားမြစ်ကန့်သတ်မှုတွေ၊ ဥပဒေတွေနဲ့ ထိန်းချုပ်မှုအောက်မှာပဲ နေထိုင်စေတာဖြစ်ပါ တယ်။
ဖိုးသူတော်

မှတ်ချက်များ