ဒီလိုဖြစ်ရပ်မျိုး အရင်က ကြားဖူးကြမှာ မပာုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အရမ်းကို ထူးခြား
နေတာကြောင့် ဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ရှန်ဟဲမြို့မှာ နေထိုင်သူ တစ်ဦးပာာ ဆိုင်ကယ် တက္ကစီ
ငှားစီးရင်း ဆိုင်ကယ်မောင်းသူရဲ့ နောက်မှာ လိုက်ပါရင်း ဖုန်းနဲ့ အပြာဇာတ်ကား ကြည့်ရှု ခဲ့ပါတယ်။
ဆိုင်ကယ်ရဲ့ နောက်မှာ အခြားသူ တစ်ဦးလည်း ပါဝင် ခဲ့ပါတယ်။ ဆိုင်ကယ် တက္ကစီ မောင်းနှင်သူဟာ အမြန် မောင်းနှင် ခဲ့ခြင်းကြောင့် မတော်တဆ ဖြစ်ရပ်နဲ့ ကြုံတွေ့ ခဲ့ပြီး ဖုန်းနဲ့ အပြာဇာတ်ကား ကြည့်ရင်း လိုက်ပါလာတဲ့ ခရီးသည်ဟာ ပြုတ်ကျ သွားခဲ့ တာကြောင့် ဒဏ်ရာ ရရှိ သွားခဲ့ ပါတယ်။ ဒဏ်ရာက အခြား နေရာမှာ မဟုတ်ဘဲ ယောက်ျားတန်ဆာကို ထိခိုက်မိသွားခြင်း ဖြစ်ပါတယ်။ ဆိုင်ကယ်တက္ကစီ စီးသူဟာ ဖုန်းနဲ့
အပြာဇာတ်ကား ကြည့်နေစဉ် စိတ်ကို ထိန်းချုပ် နိုင်စွမ်း မရှိတာကြောင့် ပြုတ်ကျချိန်မှာ တန်ဆာကို ထိခိုက်သွားခြင်း ဖြစ်ပါတယ်။
အကျိုးဆက် ကတော့ တန်ဆာမှာ ရှိနေတဲ့ တစ်သျှူးတွေ ပျက်စီး သွားခဲ့တာကြောင့် ကာလရှည် ဆေးကုသမှု ခံလိုက်ရ ခြင်း ဖြစ်ပါတယ်။ ယူအမည်ရ အမျိုးသား ဟာ သူ့ရဲ့တန်ဆာ အရိုးကျိုးသွားခဲ့တာလို့ ထင်မှတ် ခဲ့ပါတယ်။ ဒါပေမဲ့ ဆရာဝန်တွေက တန်ဆာမှာ အရိုး မရှိကြောင်း ရှင်းပြ ခဲ့တာမို့ ယူပာာ စိတ်သက်သာရာ ရသွား ခဲ့ပါတယ်။ယူဟာ ဒီဖြစ်ရပ် အတွက် မကျေမနပ်ဖြစ်ကာ ဆိုင်ကယ်တက္ကစီ မောင်းနှင်သူကို လျော်ကြေး ဒေါ်လာ (၆၅၀၀၀)ရရှိ လိုမူနဲ့ တရားစွဲဆိုမှု ပြုလုပ် ထားပါတယ်။ ယူဟာ ဆိုင်ကယ်တက္ကစီ ငှားစီးနေရင်း အပျော်သဘောနဲ့ ဖုန်းထဲမှာ ထည့်ထားတဲ့ အပြာဇာတ်ကားကို ကြည့်ရင်း ဖြစ်ရပ်ဆိုးနဲ့ ကြုံတွေ့
ခဲ့တာကြောင့် ကံဆိုးခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
The Messenger

မှတ်ချက်များ