အကျဉ်းထောင်ထဲက အလှမယ် ပြိုင်ပွဲ
အလှမယ် ပြိုင်ပွဲ အမျိုးမျိုး ရှိနေပေမယ့် အကျဉ်းထောင်ထဲမှာ ပြုလုပ်တဲ့ အလှမယ် ပြိုင်ပွဲကတော့ စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ ဘာဖြစ် လို့လဲ ဆိုတော့ ဒီလို ပြိုင်ပွဲမျိုး အရင်က မရှိသလောက် ဖြစ်ခဲ့တာ ကြောင့်ပါ။ အလှမယ် ပြိုင်ပွဲ ဆိုတာ အကျဉ်းထောင်နဲ့ လုံးဝ မအပ်စပ်တဲ့ နေရာ ဖြစ်ပြီး ဒီလို လုပ်လိမ့် မယ်လို့ ဘယ်သူမှ ထင်မှတ် ထားခြင်း မရှိပါဘူး။ အကျဉ်းကျ ခံနေရတဲ့ အမျိုးသမီးတွေပာာ ထောင်အ၀တ်အစားတွေ နေရာမှာ လှပတဲ့ ဂါဝန်တွေ၊ မိတ်ကပ် လိမ်းခြယ် မှုတွေ ပြုလုပ်ပြီး အလှမယ် ပြိုင်ပွဲကို ၀င်ရောက် ခဲ့တာ ဖြစ်ပါတယ်။
ဒီအလှမယ် ပြိုင်ပွဲကို မက္ကဆီကို နိုင်ငံမှာရှိတဲ့ အကျဉ်းထောင် တစ်ခုမှာ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ တီဂျူယာနာမြို့မှာ ရှိတဲ့ အကျဉ်းထောင်မှာ အကျဉ်းကျ ခံနေရတဲ့ အမျိုးသမီးတွေ စိတ်ဓာတ်ပိုင်း ဆိုင်ရာ တိုးတက်လာဖို့ ရည်ရွယ်ပြီး ကျင်းပ ပြုလုပ် ပေးခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီး အကျဉ်းသား အများစုဟာ မူးယစ်
ဆေးရောင်းဝယ်မူ၊ ပစ္စည်းခိုးမှု စသည်ဖြင့် ပြစ်မှု မျိုးစုံနဲ့ အကျဉ်းထောင်ကို ရောက်လာတာ ဖြစ်ပါတယ်။
အကျဉ်းထောင် ဆိုတာ အကျဉ်းသားတွေရဲ့ စိတ်ဓာတ်ကို ပြုပြင် ပေးတဲ့ နေရာ ဖြစ်ပါတယ်။ ဒါကြောင့် အကျဉ်းသားတွေ မှာလည်း ရပိုင်ခွင့်တွေ ရှိနေပြီး သူတို့ရဲ့ စိတ်ဓာတ်ပိုင်းကို အကောင်းဆုံး ပုံစံမှာ ရှိနေစေဖို့ ဒီလိုပွဲမျိုးတွေ ကျင်းပ ပြုလုပ် ပေးခြင်း ဖြစ်ပါတယ်။
အလှမယ် ပြိုင်ပွဲကို စုစုပေါင်း (၂၁) ဦး ပါဝင် ယှဉ်ပြိုင် ခဲ့ပြီး ဆွေမျိုး သားချင်းတွေ၊ ချစ်သူ ခင်ပွန်းတွေ
ဝင်ရောက်ကြည့်ရှုခွင့် ပေးခဲ့ တယ်လို့ သိရပါတယ်။ အကျဉ်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဒီပွဲ
ဖြစ်မြောက် လာဖို့ အကျဉ်းသားတွေ အားလုံး ကူညီ ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။ အလှမယ် ပြိုင်ပွဲကို အဆင့်ဆင့်နဲ့ ကျင်းပ သွားမှာ ဖြစ်ပြီး အကပြိုင်ပွဲကိုလည်း ထည့်သွင်း ထားတယ်လို့
သိရပါတယ်။
The Messenger









မှတ်ချက်များ