မကြာခင် ခေတ်စားလာနိုင်ဖွယ်ရှိတဲ့ မေးစေ့အဆီချ ဆေးထိုးပြုပြင် ကုသနည်း
နည်းပညာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အမျိုးသမီးတွေဟာလည်း အလှအပကို ပိုမက်မော
လာကြတာကြောင့် ထူးခြားဆန်းကြယ်တဲ့ အလှပြုပြင်ကုသမှု နည်းလမ်းအသစ်အသစ်တွေ ထွက်ပေါ်လာပါတယ်။ ပထမတော့ နှာခေါင်းနဲ့ ရင်သားပြုပြင်ဖို့ အတွက်သာ ဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ အလှပြင်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ အမျိုးသမီးများရဲ့ တင်ပါးဆုံ၊ သားအိမ်လမ်းကြောင်းနဲ့ မေးစေ့တွေ အတွက်ပါ ဆောင်ရွက်လာနေပြီဖြစ်ပါတယ်။
“Kybella” လို့ခေါ်တဲ့ မေးစေ့ပေါ်က ဒုက္ခပေးတဲ့ အဆီတွေကို အဓိက ပစ်မှတ်ထား ကုသနည်း အသစ်တစ်မျိုး ရှိနေပါတယ်။
“Kybella” ဆိုတာ ၄ ပတ်ကနေ ၆ ပတ် ပြည့်တိုင်း ဆေးတချို့ သွင်းပေးဖို့ လိုအပ်တဲ့ ဆေးထိုးပြုပြင်
ကုသနည်း တစ်မျိုးဖြစ်ပါတယ်။
အကျိုးသက်ရောက်မှုတွေက တစ်စတစ် သိသာလာပါတယ်။ နောက်ပြီး ကုသမှု အစုံပြုလုပ်ပြီးနောက်ပိုင်း လူနာတွေ ရလဒ်တော်တော်လေးကောင်းတာ ပိုတွေ့ရပါတယ်။ အကျိုးရလဒ်တွေတွေမြင်ရဖို့ ၆ လကြာနိုင်တယ်လို့ ဆိုသလို အဲ့ဒီထက်လည်း ပိုကြာနိုင်တယ်လို့ ဆိုထားပါတယ်။
ဒီတော့ လုပ်ရတာ သိပ်တော့ မတန်လှဘူးပေါ့။ ဒီကုသမှု အသစ်ကို ဒီဇွန်လထဲမှာ လူတိုင်းလုပ်ဆောင်နိုင်မှာဖြစ်ပြီး ဈေးနှုန်းသတ်မှတ်ထားတာတော့ မရှိသေးပါဘူး။ ဒါပေမယ့် အကုန်အကျနည်းဖို့ အလားအလာ သိပ်မရှိပါဘူး ဆိုရ ပါလိမ့်မယ်။
Trend Myanmar

မှတ်ချက်များ