စက်တင်ဘာမှာ ကမ္ဘာပျက်မည် ဆိုသော သတင်းကို နာဆာ တုံ့ပြန်


စက်တင်ဘာမှာ ဥက္ကာပျံကြီး ကမ္ဘာကို ၀င်တိုက်ပြီး ကမ္ဘာပျက်လိမ့်မည်ဟု ဟောကိန်းတစ်ခု ထွက်လာရာ ထိုဟောကိန်း လုံးဝ အခြေအမြစ်မရှိ မှားယွင်းကြောင်း နာဆာက ချေပ ပြောကြားလိုက်သည်။

ဘိုင်ဘယ် သီဝရီ သမားများအကြား ယခုနှစ် စက်တင်ဘာ (၂၂) မှ (၂၈) အတွင်း ကမ္ဘာကို ဖျက်နိုင်လောက်အောင် ကြီးမား သည့် ဥက္ကာခဲကြီး ၀င်တိုက်ကာ ကမ္ဘာပျက်မည်ဟု သတင်းပျံ့လျက် ရှိသည်။

နာဆာရဲ့ စောင့်ကြည့်မှုများအရ လာမည့် နှစ်ရာပေါင်းများစွာ အထိ ကမ္ဘာကြီးနှင့် ၀င်တိုက်နိုင်ခြေ ရှိသော လမ်းကြောင်းပေါ်တွင် သွားလာနေသည့် ဥက္ကာခဲမျိုး၊ ကြယ်တံခွန်မျိုး တစ်ခုမျှမရှိကြောင်း နာဆာက ထုတ်ပြန် ကြေညာကာ ကမ္ဘာ့အကြောက်ကို ဖြေဖျောက်ပေးခဲ့သည်။

သီဝရီ သမားများကမူ နာဆာအပါအ၀င် အစိုးရများသည် ဥက္ကာခဲ ၀င်တိုက်မည့် ဖြစ်စဉ်ကို သိထားကြပြီး ဖြစ်ကြောင်း၊ ထုတ်ပြန် အသိပေးလိုက်လျှင် တစ်ကမ္ဘာလုံး ၀ရုန်းသုန်းကား ဖြစ်ကုန်မည် စိုးသောကြောင့် ခပ်တိတ်တိတ်နေနေကြခြင်း ဖြစ် ကြောင်း ဆိုထားကြသည်။ အစိုးရများ သည် လူချမ်းသာများ၊ ကျော်ကြားသူများ နဲ့ပေါင်းပြီး လူတစ်စု လောက်သာ လွတ်မြောက်ရေး အားထုတ် နေကြကြောင်းလည်း ဘိုင်ဘယ် သီဝရီ သမားများက စွပ်စွဲ ထားသည်။

The Messenger

မှတ်ချက်များ