ဒိန်းမတ်နိုင်ငံသည် ပြစ်မှု ကျူးလွန်ထားသော လူငယ်များကို လူကောင်းဖြစ်လာအောင် ပျိုးထောင်ရေး နည်းလမ်းသစ်အဖြစ် ကာရစ်ဘီယန် ပင်လယ်ထဲသို့ အပန်းဖြေခရီးများ စေလွှတ်ကာ ထိုခရီးစဉ်အတွင်း စိတ်ဓာတ်ပျိုးထောင် သင်တန်းပေးခြင်း များပါ တွဲဖက်ပြုလုပ်ပေးလျက် ရှိသည်။
ဒိန်းမတ် မြို့ကောင်စီ (၂၆) ခုက ကာ ရစ်ဘီယန် ပင်လယ်တွင်း အပန်းဖြေခရီး စေလွှတ်သည့် ရာဇ၀တ်မှု ကျူးလွန်သူ လူငယ်၊ ဆေးစွဲသူလူငယ် စုစုပေါင်း (၅၉) ဦး ရှိသွားပြီ ဖြစ်သည်။ လူငယ်တစ်ဦးလျှင် နှစ်နှစ်တာ ပင်လယ်ပြင် အပန်းဖြေ ခရီးများ စေလွှတ်ပြီး စိတ်ဓာတ် ပြန်လည်ပျိုးထောင် ပေးခြင်းဖြစ်သည်။ အစိုးရသည် ပြီးခဲ့သည့် ငါးနှစ်အတွင်း ထိုလုပ်ငန်းစဉ် အတွက် ပေါင်ငွေ (၄၁) သန်းကျော် ကုန်ကျခံ သုံးစွဲခဲ့ကြောင်း သိရသည်။
အစီအစဉ်မှာ ရာဇ၀တ်မှု ကျူးလွန်သည့် လူငယ်နှစ်ယောက်၊ သုံးယောက် လောက်ကို တစ်စုဖွဲ့လိုက်ပြီး
သင်္ဘော မာလိန်မှူး တစ်ဦးနှင့် စိတ်ဓာတ်မြှင့်တင်ရေး သင်တန်းဆရာ တစ်ဦးတို့လည်း လိုက်ပါကာ ရွက်လှေတစ်စီးဖြင့် ကာရစ်ဘီယံ ပင်လယ်အတွင်း ကျွန်းစုများသို့ တစ်နှစ်တာ လှည့်လည် သွားလာစေခြင်း ဖြစ်သည်။
ထိုတစ်နှစ်တာ ရေကြောင်းခရီးစဉ် အတွင်း လူငယ်များသည် စိတ်ဓာတ်ပြုပြင်ရေး စာတွေ့၊ လက်တွေ့ သင်ခန်းစာများ သင်ယူကြ၊ လေ့ကျင့်ကြ ရသည်။ အပန်းဖြေ ခရီးထွက်သည့် သဘောဖြင့် လွတ်လပ်စွာလည်း
နေခွင့်ပေးသည်။ တုပ်နှောင် ချုပ်လှောင်ထားခြင်းမျိုး မရှိ။ တစ်နှစ်ပြည့်၍ ဒိန်းမတ်ကို ရွက်လှေ ပြန်ဆိုက်
ကပ်သည့် အခါ လူငယ်များ၏ ကိုယ်ကျင့် စာရိတ္တကို စာမေးပွဲစစ်သည်။ မအောင်သော လူငယ် များကို နောက်ထပ် တစ်နှစ် အပန်းဖြေခရီး ပို့ပြန်သည်။
The Messenger

မှတ်ချက်များ