ခန္ဓာကိုယ်ထဲ ကျည်ဆန် ၀င်နေတာကို နှစ်ပေါင်း (၇၀)ကျော် ကြာမှ သိခဲ့


ဒုတိယကမ္ဘာစစ်မှာ ဂျပန်တွေကို တွန်းလှန် တိုက်ထုတ် ခဲ့တဲ့ တရုတ် အဘိုးအို တစ်ဦးဟာ ခန္ဓာကိုယ်ထဲ
ကျည်ဆန် ၀င်နေတာကို နှစ်ပေါင်း (၇၀)ကျော်ကြာမှ သိခွင့် ရခဲ့တယ်လို့ ဒေးလီးမေးလ် သတင်း တစ်ရပ်မှာ ဖော်ပြထားပါတယ်။ လက်ရှိ အချိန်မှာ အသက် (၉၄)နှစ် ရှိပြီ ဖြစ်တဲ့ အဘိုးအို ဒူအန်ဟာ ဆီချန်မြို့ရှိ ဆေးရုံမှာ ဆေးကုသမှု ခံယူရင်း ခန္ဓာကိုယ်ထဲ ကျည်ဆန် ၀င်နေတာကို သိခဲ့ ရတာပါ။ အဘိုးအိုဟာ ၀မ်းဗိုက် နာကျင်မှု ကြောင့် ဒေသတွင်း ဆေးရုံကို တက်ခဲ့တာ ဖြစ်ပြီး ဓာတ်မှန်ရိုက်လိုက်တဲ့ အခါ ဘယ်ဘက် တင်ပါးဆုံမှာ ကျည်ဆန် ရောက်ရှိ နေတာကို တွေ့ခဲ့ ရတာ ဖြစ်ပါတယ်။

အဘိုးအိုဟာ ဒုတိယကမ္ဘာစစ် က စစ်ပွဲတစ်ပွဲ ဖြစ်တဲ့ ၁၉၄၃မှာ ဖြစ်ပွား ခဲ့တဲ့ ဆီနို ဂျပန် ဒုတိယမြောက် တိုက်ပွဲကို ကိုယ်တိုင် ၀င်ရောက် ဆင်နွှဲ
ခဲ့ပြီး ၁၉၅၀မှာ ဖြစ်ပွားခဲ့တဲ့ ကိုရီးယား ကျွန်းဆွယ် တိုက်ပွဲမှာလည်း ပါဝင် ခဲ့ဖူး ပါတယ်။ အဘိုးအိုဟာ ခန္ဓာကိုယ်ထဲ ကျည်ဆန်ဝင်နေတာ ကို သိရှိခဲ့ခြင်းမရှိဘဲ ဘယ်လိုရောက်လာ သလဲဆိုတာ အဖြေရှာမရ
ဘူးဖြစ်နေပါ တယ်။ ဒါပေမဲ့ အဘိုးအိုဝပ်ကျင်းထဲမှာ ရှိနေ စဉ် တင်ပါးကို ဖောက်ထွက်ပြီး ကျည်ဆန်
ဝင်ရောက်လာဖွယ်ရှိကြောင်း ဆိုခဲ့ပါတယ်။

ကျည်ဆန်ဟာ သုံးစင်တီမီတာလောက် သာရှိပြီး ဆရာဝန်တွေကတော့ အဘိုးအို အသက်အရွယ်ကြောင့် ဒီအတိုင်း ထားဖို့ အကြံပြုထားပါတယ်။ အဘိုးအိုဟာ ပြီးခဲ့တဲ့နှစ် တွေမှာ ခန်္ဓာကိုယ်ထဲကျည်ဆန်ဝင်နေတာ ကို မသိရှိဘဲ ပုံမှန်အတိုင်းသွားလာလှုပ်ရှား ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဘိုးအိုဟာ စစ်သားဘ၀မှာ ဒဏ်ရာနှစ်ကြိမ်ရခဲ့ပြီး လက်မောင်းမှာ ထိခိုက်ခဲ့တာဖြစ်ပါတယ်။

The Messenger

မှတ်ချက်များ