အထက(၄)မြောက်ဥက္ကလာပမှ လေးဘာသာဂုဏ်ထူးရှင် မရွှန်းလဲ့ခင်နှင့်တွေ့ဆုံခြင်း


မေး - အရင်ဆုံးညီမလေးနာမည်နဲ့ ဂုဏ်ထူးရရှိခဲ့တဲ့ဘာသာ ရပ်တွေပြောပြပေးပါဦး။

ဖြေ - သမီးခုံနံပါတ်က ဆမဥ-၃၅ဝ၂ပါ။ အခုနှစ် တက္က သိုလ်ဝင်တန်းမှာ ဓာတုဗေဒ၊ ရူပဗေဒ၊ အီကိုနဲ့ သင်္ချာ ဂုဏ်ထူးလေးခုပါပါတယ်။ အခုအရမ်းကိုပျော်နေပါတယ်။ မေမေ့ကိုလည်းအရမ်းသိစေချင်ပါတယ်။ သူရှိရင် အရမ်း ပျော်ပြီး ဂုဏ်ယူနေမှာ။ မေမေက နှစ်ခုလောက်ပဲရရင် တော်ပါပြီလို့ ပြောထားတာပါ။ အခုမေမေပြောထားတာ ထက်ပိုရတော့ အမေ့ကိုသိပ်သိစေချင်နေပါတယ်။

မေး - နောက်နှစ်ဆယ်တန်းဖြေဆိုမယ့်မောင်လေးညီမလေး တွေကို အားပေးစကားဝေမျှပေးပါဦး။

ဖြေ - နောက်နှစ်ဆယ်တန်းဖြေမယ့်မောင်လေး၊ ညီမ လေးတွေကိုဝေမျှချင်တာကတော့ စာကိုအကြွေးမထား ဘဲကျက်ပါ။ သမီးကတော့ တစ်နေ့စာတစ်နေ့ပုံမှန်လုပ် သလိုကျောင်းက သင်တဲ့အချိန်မှာလည်းဂရုစိုက်ပြီး သင် တယ်။ ကျူရှင်မှာသင်ရင်လည်း သေချာလုပ်တဲ့အတွက် နှစ်ခါစလုံးအကျိုးရှိတာပေါ့။ နောက်ပြီးတော့ ဆရာ၊ဆရာမတွေစကားကိုလည်း သေချာနားထောင်ပြီး ဂရုတစိုက်လိုက်နာခဲ့ပါတယ်။

မေး - ဒီရလဒ်ကိုရော ကျေနပ်ရဲ့လား။ ညီမရဲ့အနာဂတ်ရည် မှန်းချက်လေးကို ပြောပြပေးပါဦး။

ဖြေ - သမီးကတကယ်တော့ရလဒ်ကို သိပ်တော့မကျေ နပ်သေးပါဘူး။ အင်္ဂလိပ်စာကိုလည်း အရမ်းစိတ်ဝင်စား တော့ သေချာလေးလုပ်ပေမယ့် မထွက်တော့အားမရဘူး။ သမီးကရည်မှန်းထားတာရှိပါတယ်။ မြို့ပြအင်ဂျင်နီယာ ကြီးဖြစ်ချင်ပါတယ်။ ဒါပေမဲ့လည်းရတဲ့အမှတ်ရယ် ကိုယ် တတ်နိုင်တာရယ်ကိုချိန်ညှိပြီး ကိုယ်နဲ့ကိုယ့်ဝါသနာနဲ့ လိုက်ဖက်ညီမှုရှိ အောင်ရွေးချယ်သွားမှာပါ။

‎TheYangonTimes‬

မှတ်ချက်များ