အိန္ဒိယက ဒုံးပျံထိန်းချုပ်ရေး အဖွဲ့ဝင်အဖြစ် လျှောက်ထား
အိန္ဒိယနိုင်ငံက ဒုံးပျံနည်းပညာ ထိန်းချုပ်ရေးအဖွဲ့ (MTCR) အဖွဲ့ ဝင်အဖြစ် လျှောက်ထားလိုက်ကြောင်း၊ ဤအဖွဲ့သည် ဒုံးပျံများရောင်းဝယ် ရေးနှင့် အာဏာသနည်းပညာများ ကို ထိန်းချုပ်ကြောင်း ဒေသဆိုင်ရာ သတင်းစာက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။
အိန္ဒိယသည် MTCR ၏ စက် တင်ဘာ၊ အောက်တိုဘာလတွင်ကျင်း ပမည့် စုံညီအစည်းအဝေးတွင် လျှောက်လွှာကို တင်သွင်းမည်ဖြစ် ကြောင်း Times of India ကဖော် ပြသည်။
ဤအဖွဲ့ဝင်ခြင်းဖြင့် အိန္ဒိယ သည် ကမ္ဘာ့အဆင့်နည်းပညာများ ကို လက်ခံရရှိနိုင်ပြီး ကိုယ်ပိုင်နည်း ပညာများကိုလည်း ဖြန့်ဖြူးပေးနိုင် မည်ဖြစ်သည်။
ဤအဖွဲ့ဝင်ခြင်းဖြင့် အိန္ဒိယ၏ သံတမန်ရေးရာကို အခြားအဖွဲ့ဝင် ၃၄ နိုင်ငံနှင့် နီးကပ်စွာလုပ်ဆောင် သွားနိုင်မည်ဖြစ်သည်။ ထိုနိုင်ငံများမှာ လက်ရွေးစင် ဒုံးပျံနည်းပညာထိန်း ချုပ်ရေးအဖွဲ့ဝင်များဖြစ်ကြသည်။ အဆိုပါအဖွဲ့က အိန္ဒိယအပေါ် ကိုယ် ပိုင်ဒုံးပျံနည်းပညာထူထောင်မှုအား ဆယ်စုနှစ်ပေါင်းများစွာ သံသယရှိခဲ့ သည်။
MTCR ဥက္ကဋ္ဌ နော်ဝေနိုင်ငံ သား ရိုနယ်ဝီးစ်သည် နောက်လတွင် အိန္ဒိယသို့လာရောက်လည်ပတ်မည် ဖြစ်သည်။ အမေရိကန်က အိန္ဒိယ ၏ လျှောက်ထားမှုကို ထောက်ခံ သည်ဟုဆိုသည်။
Democracytoday

မှတ်ချက်များ