![]() |
| ရန်ကုန်မြို့သစ်စီမံကိန်းတွင်ပါဝင်သည့် ကြည့်မြင်တိုင် မြို့နယ်ရှိ အေးရွာဘလုတ်ညွန့်စက်ကလေးရပ်ကွက်ကို တွေ့ရစဉ်။ Photo: ငယ်ထွေး(ကလေးမြို့) |
ဇွန် ၁၁ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ကြည့်မြင်တိုင်မြို့ နယ် မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော် ကိုယ်စားလှယ်ဦးမြင့်လွင်က ''ရန်ကုန် မြို့သစ်စီမံကိန်း အမြန်အကောင်အ ထည်ဖော်ရေး''အဆိုကို လွှတ်တော် တွင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဇွန် ၁၅ ရက်တွင်ဆွေးနွေးရန် လွှတ်တော်မှ ဆုံးဖြတ်ခဲ့သည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို ၂၀၁၄ခုနှစ် ဩဂုတ်လတွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လွှတ် တော်သို့တင်သွင်းခဲ့ပြီး စီမံကိန်းကို ထပ်မံလေ့လာရန် လိုအပ်သည့်အ တွက် စီမံကိန်းရပ်ဆိုင်းကြောင်း ရန်ကုန်မြို့တော်ဝန်က စက်တင်ဘာလတွင် လွှတ်တော်အစည်းအဝေး ၌ ကြေညာခဲ့ခြင်းဖြစ်ပြီး ထိုသို့စီမံကိန်း ရပ်ဆိုင်းကြောင်းကြေညာအပြီး ကိုး လအကြာတွင် စီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော်ရန်အဆိုကို ကြည့်မြင်တိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်မှ တစ်ကျော့ပြန်တင် သွင်းခဲ့ခြင်းဖြစ်သည်။
ယင်းစီမံကိန်းဧရိယာ မြေဧက သုံးသောင်းကျော်သည် ဆားငန်ရေ ဝင်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်ထွန်းခြင်းမရှိဘဲ ဒေသ ခံ တောင်သူလယ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းနည်းပါး ပြီး မြို့သစ်စီမံကိန်းသည် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖော်ထုတ် ပေး နိုင်မည်ဖြစ်ကြောင်း ယင်းက ပြောကြားခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ် လွှတ် တော်ကိုယ်စားလှယ်ဦးမြင့်လွင်က ''ယခုအကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ်စီမံကိန်းတွင်လည်း တန်ဖိုးနည်းအိမ်ရာများ ပါဝင်တဲ့ အပြင် ကျောင်း၊ ဘိုးဘွားရိပ်သာ၊ မြစ်ကူး တံတားများပါဝင်တဲ့အပြင် စီမံကိန်းဆောင်ရွက်ရာမှာ လူလေး သိန်းခန့် အလုပ်အကိုင်အခွင့်အလမ်း ရရှိမှာဖြစ်ပါတယ်။ စီမံကိန်း အမြန် ဆုံးအကောင်အထည်ဖော်နိုင်ရန် ဒေသခံများမှ မျှော်လင့်နေတဲ့အတွက် အဆိုတင်သွင်းရခြင်းဖြစ်ပါတယ်''ဟု ပြောသည်။
ယမန်နေ့က ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့မှ တင်သွင်းခဲ့သည့် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်းအရ ထပ်မံတိုးချဲ့မည့် ဦးစားပေး ခုနစ်မြို့နယ်တွင် ရန်ကုန်မြို့သစ်စီမံကိန်းနေရာသည် ဒုတိယ ဦးစားပေးအဖြစ်ပါဝင်နေသည့်အတွက် သီးသန့်ထပ်မံဆွေး နွေး ရန်မလိုအပ်သေးကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦး မှ ထောက် ပြပြောကြားခဲ့သည်။
ဦးမြင့်လွင်က ''ကြည့်မြင်တိုင် နယ်မြေက လူထုဆန္ဒအရ တင်ပြတာ ကတော့ ဦးစားပေးကိစ္စလေးတွေနဲ့ ပတ်သက်ပြီး အရွှေ့အပြောင်းဖြစ်တဲ့အတွက် လွှတ်တော်မှာဆွေးနွေး သင့်ပါတယ်''ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်မြို့သစ် စီမံကိန်း မြေ ပိုင်ဆိုင်မှု ဖော်ထုတ်ရန်အစိုးရအဖွဲ့အား တောင်းဆိုခဲ့သော်လည်း စီမံကိန်းရပ်ဆိုင်းပြီးဖြစ်သည့်အတွက် ဖြေဆိုရန်မလိုကြောင်း ဖြေကြား ခဲ့ခြင်း နှင့် ပတ်သက်ပြီး မြေပိုင်ဆိုင်မှုအား တရားဝင်ထုတ်ဖော်ပြော ကြားလိုခြင်း မရှိဟု သုံးသပ်နိုင်ကြောင်း ဒေါက်တာ ညိုညိုသင်း က ထောက်ပြပြောကြားခဲ့သည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို ဒလ၊ တွံတေး၊ ဆိပ်ကြီးခနောင်တိုမြို့နယ် များရှိ မြေဧကသုံးသောင်းပေါ်တွင် မြန်မာ့စေတနာမြို့သစ် အများပိုင် ကုမ္ပဏီက အကောင်အထည်ဖော် မည်ဖြစ်ကြောင်း သိရသည်။
HM - Democracytoday

မှတ်ချက်များ