ကျူးကျော်၁၀၀၀ ခန့်ကို ပြည်ထောင်စုဝန်ကြီးက အင်အားသုံးဖြိုခွဲပြီ



ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့ နယ်အပိုင် ဒဂုံနို့ချက်စက်ရုံအနီးမှာရှိတဲ့ ပျဉ်းမပင်မွေးမြူရေးခြံမှာရှိတဲ့ အိမ်ယာမဲ့ကျူးကျော်နေထိုင်သူတွေကို မွေးမြူရေး၊ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖွံ့ ဖြိုးတိုး
တတ်ရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ ညွန့်ကြားချက်နဲ့ ဒီကနေ့မနက် ၅ နာရီ၁၅ မိနစ်မှာ ဖြိုခွဲလိုက်ပါပြီ။

စွမ်းအားရှင်လို့ခေါ်တဲ့ ကျေးစားလူမိုက် ၈၀၀ ကျော် ရဲတပ်ဖွဲ့အင်အား ၂၀၀ ကျော်တို့ဟာ ဒီကနေ့မနက်ကပဲ ကျူးကျော်နေထိုင်သူ ၁၀၀၀ ခန့်ကို ဖြိုခွဲလိုက်တာဖြစ်ပါတယ်။အခုလိုဖြိုခွဲဖို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကိုယ်တိုင် လာရောက်စီစဉ်ခဲ့တာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးနဲ့နီးစပ်သူ တွေထံ(အစိုးရအသိုင်းအ၀န်း)မှ
သိရပါတယ်။

ဖြိုခွင်းရာမှာ အမျိုးသမီးတစ်ဦး ဓါးထိုးခံရပြီး ဆေးရုံတင်ထားရပြီး လူဆယ်ဦး အဖမ်းခံထားရတယ်လို့ ကျူးကျော်နေထိုင်သူတွေက ဆိုပါတယ်။

စိုင်းဝဏ္ဏ - လူထုပုံရိပ် သတင်းများ

မှတ်ချက်များ