အခေါင်းထဲမှ ထွက်ကာ မင်္ဂလာဆောင်ခဲ့တဲ့ သတို့သမီး










အသက် ၅၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Jenny Buckleff ဟာ သူမရဲ့ မင်္ဂလာပွဲကို အများနဲ့ မတူအောင် ကျင်းပချင်တာကြောင့် သူမရဲ့ အစ်ကို ဖြစ်သူနဲ့ တိုင်ပင်ခဲ့ပါတယ်။ ဒီအစီအစဉ်ကို အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ သူမရဲ့ ခင်ပွန်းလောင်း Christopher Lockett ကိုလည်း မသိမပေးချင်တာကြောင့် သူမရဲ့ အစ်ကိုနဲ့ တိုင်ပင်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ အစီအစဉ်အရ မင်္ဂလာပွဲကျင်းပမည့်အချိန်မှာ သူမကို အမည်းရောင် အခေါင်းကြီးဖြင့် သယ်ဆောင်လာခဲ့ကြပါတယ်။

 ထို အခေါင်းကို မြင်တဲ့အခါ မင်္ဂလာပွဲသို့ လာသည့် ဧည့်သည်များမှ စိုးရိမ် ကြောက်လန့်မှုများဖြစ်ပေါ်သည့်အပြင် သူမရဲ့ သတို့သားဖြစ်သူကလည်း တုန်လှုပ်ခြောက်ခြားမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ထို့နောက်မှာသာ အခေါင်းထဲမှ Jenny ကထွက်ကာ အားလုံးရဲ့ ကြောက်လန့်အံ့သြမှုကို ရယူခဲ့ပါတယ်။

Jenny ဟာ Bet365 ကမ္ဘာ့လောင်းကစားပွဲများရဲ့ လောင်းကြေးများကို ရှာဖွေနိုင်တဲ့ Website ကုမ္ပဏီမှာ ဧည့်သည်များကိုဝန်ဆောင်မှု ပေးရသည့် တာဝန်ကို ယူဆောင်ထားရသူ ဖြစ်တဲ့အလျောက် အခုလိုပဲ သူမရဲ့ အကြီးမားဆုံး နေ့တစ်နေ့ဖြစ်တဲ့ သူမရဲ့ မင်္ဂလာပွဲကိုလည်း သတို့သားနဲ့ မင်္ဂလာပွဲကို လာသည့် ဧည့်သည်များ အံ့သြ မှင်သက်သွားအောင် လုပ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ 

သူမဟာ ဒီအစီအစဉ်အတွက် အခေါင်းကို သယ်ဆောင်ခွင့် ရရှိရေးအပြင် ဘယ်သူမှ မသိအောင် သူမရဲ့ အနီးကပ်ဆုံးနေထိုင်သူတွေဖြစ်တဲ့ သူမရဲ့ ယောက္ခမနဲ့ သူမရဲ့ အစ်ကို တို့နဲ့ တိုင်ပင်ကာ ကြိုးစားခဲ့ခြင်းလည်း ဖြစ်ပါတယ်။ Jenny တို့ချစ်သူစုံတွဲဟာ စတင်တွေ့ရှိပြီးချိန်မှ စတင်ကာ ချစ်သူဖြစ်တဲ့ သက်တမ်းဟာ ၆ လခန့်အကြာပဲ ရှိပါသေးတယ်။ ဒါအပြင် သူတို့နှစ်ယောက်စလုံးမှာ ပထမအိမ်ထောင်ကိုယ်စီနဲ့ သားသမီးကိုယ်စီလည်း ရှိနေပြီးဖြစ်ပါတယ်။

Jenny ဟာ မင်္ဂလာမဆောင်မှီအချိန်မှာ သူ့မရဲ့ ခင်ပွန်းလောင်း Christopher ကို ဘယ်လို အံ့သြသွားအောင်လုပ်ပြရမလဲဆိုပြီး မေးမြန်းခဲ့ပေမဲ့ သူမရဲ့ ခင်ပွန်းလောင်းကတော့ ဘယ်အရာကမှ သူ့ကို အံ့သြသွားအောင်မလုပ်နိုင်ဘူးဆိုပြီး ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူမရဲ့ ခင်ပွန်းလောင်းဟာ အရိုးခေါင်း ၊ အရိုးစု စတဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားတဲ့အတွက်ကြောင့် ဒီလို စီစဉ်လိုက်ရင် အားလုံးအံ့သြသွားလိမ့်မယ်လို့ ယုံကြည်ချက်ခဲ့ပါတယ်။ အခုတော့သူမရဲ့ ယုံကြည်ချက် တကယ်ဖြစ်သွားတဲ့အပြင် အားလုံးရဲ့ အံ့သြမှုသာ မကပဲ သူမရဲ့ ခင်ပွန်းအပေါ် ဘယ်လောက်တန်ဖိုးထားကြောင်းကိုလည်း သက်သေပြရာရောက်သွားခဲ့ပါတယ်။

yoyarlay

မှတ်ချက်များ