ရွှေတိဂုံစေတီတော်အနီးတည်ဆောက်ရန်စီစဉ်နေသည့် အဆောက်အအုံများမှာ ရွှေတိဂုံစေတီတော်မြေဧကပေါ်တွင် တည်ဆောက်ခြင်းမဟုတ်သည့်အတွက် ဝင်ရောက်စွက်ဖက်ခြင်း ပြုလုပ်သွားမည်မဟုတ်ကြောင်း ဂေါပကအဖွဲ့ဆို

ရွှေတိဂုံစေတီတော်နှင့် ရွှေတိဂုံစေတီတော်ကုန်းတော်ကြံ့ခိုင်ရေးနှင့် စပ်လျဉ်း၍ ဂေါပကအဖွဲ့၏ဆန္ဒသဘောထားများကို
 ဂေါပကအဖွဲ့ဝင် ဦးစိန်ဝင်းအောင် ရှင်းလင်းတင်ပြနေစဉ်။ Photo: နေ၀န်းဦး။
 ရွှေတိဂုံစေတီ တော်အနီးတစ်ဝိုက်တွင်တည်ဆောက်ရန် စီစဉ်နေသည့် အဆောက်အအုံများမှာ ရွှေတိဂုံစေတီတော်မြေဧက ပေါ်တွင် တည်ဆောက်ခြင်းမဟုတ်သည့်အတွက် ဝင်ရောက်စွက်ဖက်ခြင်း ပြုလုပ်သွားမည်မဟုတ်ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင် ဦးစိန်ဝင်းအောင်က ပြောသည်။

''ရွှေတိဂုံစေတီတော်အနီးပတ် ဝန်းကျင်မှာ ဆောက်လုပ်တဲ့ အဆောက်အအုံများက ကျွန်တော်တို့ ရွှေတိဂုံမြေဧကပေါ်မှာဆောက်လုပ်တာမဟုတ်တဲ့အတွက် ကျွန်တော် တို့ ဝင်ရောက်စွက်ဖက်ခြင်းမပြုဘူး။ အဲဒီအဆောက်အအုံတွေ ဆောက် လုပ်တာက ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီနဲ့ တိုင်းဒေသ ကြီးအစိုးရအဖွဲ့နဲ့သာ သက်ဆိုင်ပါ တယ်။ ရွှေတိဂုံစေတီတော်ရဲ့ ပိုင်ဆိုင် မှုမြေက ၁၁၄ ဧက ရှိပါတယ်။ ကျန် တဲ့ဧရိယာဟာ ရွှေတိဂုံဧရိယာပြင်ပဖြစ်လို့ ကျွန်တော်တို့နဲ့ဘာမှမပတ် သက်ပါဘူး''ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် ဦးစိန်ဝင်းအောင်က ပြောသည်။

ရွှေတိဂုံစေတီတော် ကုန်းတော် နှင့်ပတ်သက်၍ ရွှေတိဂုံစေတီတော် ၏မြေဧကပေါ်တွင် ယဉ်ကျေးမှုဆိုင် ရာအဆောက်အအုံမှလွဲ၍အဆောက် အအုံသစ်များ ဆောက်လုပ်ခွင့်မပေး ကြောင်း၊ ရှိပြီးသည့်အဆောက်အအုံ များတွင်လည်းယဉ်ကျေးမှုအမွေအနှစ် ကို ထိခိုက်မှုရှိပါက ဖျက်လိုက်ကြောင်း၊ ရွှေတိဂုံစေတီတော်ကြီး ပျက်စီးထိ ခိုက်စေမည့်ကိစ္စရပ်များကိုဆောင်ရွက်သွားမည်မဟုတ်ကြောင်း ရွှေတိဂုံစေ တီတော်ဂေါပကအဖွဲ့မှ သိရသည်။

''ရွှေတိဂုံစေတီတော်ရဲ့မြေထိန်း နံရံဆိုတာက ပထမအထက်ပစ္စယာ၊ အလယ်ပစ္စယာနှင့် အောက်ပစ္စယာ ဟူ၍ ပစ္စယာသုံးခုရှိပြီး အဲဒီပစ္စယာသုံးခုမှာ မြေထိန်းနံရံရှိတယ်။ အပြင် မှာက ခြံစည်းရိုးအားလုံးကို ပတ်ပတ်လည်ကာရံထားတဲ့ ဝင်းနံရံရှိ တယ်။ စုစုပေါင်းမြေထိန်းနံရံလေးထပ်နဲ့ ကာထားပါတယ်။ သာမန် အားဖြင့် နောက်ထပ်ရာသီဥတုပြောင်းလဲမှုကြောင့်သော်လည်းကောင်း၊ ဝိတ် ထပ်မတင်ရင်သော်လည်းကောင်း အလွယ်တကူ ပျက်စီးဖို့မရှိပါဘူး။ ယခု လက်ရှိမှာ ရွှေတိဂုံစေတီတော်ကုန်း တော်ကြီးတစ်ခုလုံးကို ဘယ်လိုထိန်း သိမ်းရမလဲဆိုတာ ပညာရှင်တွေနဲ့ ဆွေးနွေးနေပါတယ်''ဟု အဆိုပါဂေါ ပကအဖွဲ့ဝင်က ဆက်လက်ပြောသည်။

ရွှေတိဂုံစေတီတော်နှင့် ရွှေတိဂုံ စေတီတော်ကုန်းတော်ကြံ့ခိုင်ရေးနှင့် စပ်လျဉ်း၍ ဂေါပကအဖွဲ့၏ဆန္ဒသ ဘောထားများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ဇွန် ၁၂ ရက်တွင် ရွှေတိဂုံစေတီတော်၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်နှင့် အနီး တစ်ဝိုက်တွင် အထပ်မြင့်တိုက်များ တည်ဆောက်မည်ဆိုပါက ရွှေတိဂုံ စေတီတော်၏ ရင်ပြင်တော်အမြင့်အ ထိသာခွင့်ပြုပြီး စေတီတော်၏ ငှက် ပျောဖူးအောက် ပင်လယ်ရေမျက်နှာ ပြင်အထက် အမြင့် ၄၁ရ ပေထက် ကျော်လွန်၍ တည်ဆောက်ခွင့်မရှိ ကြောင်း သိရသည်။

ယခုလက်ရှိတွင်ရွှေတိဂုံစေတီ တော်အနီးတစ်ဝိုက်တွင် စီးပွားရေးဆိုင်ရာအထပ်မြင့်အဆောက်အအုံများ တည်ဆောက်ရန်စီစဉ်နေမှုနှင့်ပတ်သက်၍ ပညာရှင်များ၊ ပြည်သူများက ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်လျက်ရှိနေသည်။

TST - ‎Democracytoday‬


မှတ်ချက်များ