ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ်များအား ကန်ဒေါ်လာ လိုသလောက် ရောင်းပေးမည်

ဈေးကွက်အ တွင်းမြင့်တက်နေသည့် အမေရိကန် ဒေါ်လာဈေးနှုန်းများထိန်းညှိနိုင် ရန်အတွက် ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်များ၏ကန်ဒေါ်လာလိုအပ် ချက်အလိုက် လိုသလောက်ပမာဏ ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွန်လ ၁ဝရက်နေ့တွင် အမေ ရိကန်ဒေါ်လာဈေးနှုန်းမှာ မြန်မာ ကျပ် ငွေ ၁၂၈၇ ကျပ်အထိမြင့်တက် ခဲ့ပြီး ယင်းနှင့်အတူ ပြည်တွင်းရွှေ ဈေးနှုန်းများပါမြင့်တက်ခဲ့ခြင်းအတွက် ဈေးကွက်အတွင်း ထိန်းညှိရန်အတွက် ဇွန်လ ၁၂ရက်က နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်း အဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ယင်းအစည်းအဝေးကို တက် ရောက်ခဲ့သည့် အမည်မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက'' စီး ပွားရေး လုပ်ငန်းရှင်တွေထက် ပုဂ္ဂလိက ဘဏ်တွေကို အဓိကထား ဆွေးနွေး တာပါ။ ဒေါ်လာဈေး မြင့်တက်မှုကို ဖြေရှင်းဖို့အတွက်ဖြစ်ပါတယ်။အဓိ ကတော့ ပုဂ္ဂလိက ဘဏ်တွေလိုအပ် တဲ့ကန်ဒေါ်လာကို ဗဟိုဘဏ်ကနေ လိုသလောက် ရောင်းချပေးသွားမယ် လို့ပြောတယ်''ဟု ပြောသည်။

ယင်းက''အခြားအသင်းတွေ ရဲ့ လုပ်ငန်းရှင်တွေကလဲ သူတို့နဲ့ပတ် သက်တဲ့ အခက်အခဲတွေ တင်ပြ ကြတယ်။ အဓိကတော့ ဒေါ်လာနဲ့ ဆက်စပ် ပတ်သက်တဲ့ လုပ်ငန်းတွေ ရဲ့ လုပ်ပုံကိုင်ပုံတွေ အခက်အခဲတွေ ကို ဆွေးနွေးတယ်''ဟုဆိုသည်။

အဆိုပါ အစည်းအဝေးကို သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ပြည်ထောင်စုဝန်ကြီး ဦး တင်နိုင်သိန်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ဘဏ္ဍာရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ စွမ်း အင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော် မရှင်ဥက္ကဋ္ဌ ဦးဇေယျာအောင်၊ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော် ကျော်မောင်နှင့် ဒုဥက္ကဋ္ဌတို့အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဒုဝန်ကြီးများနှင့် ကုန်သည်စက်မှု အသင်းချုပ်၊ ဆန်စပါးအသင်းချုပ်၊ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူး ရေးအသင်း၊ စက်မှုကုန်ထုတ်လုပ်သူ များအသင်း၊ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်အသင်းနှင့် ရွှေလုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် ဒေါ် လာငွေ အမှန်တကယ်လိုအပ်ချက် များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် မှ ဖြည့်ဆည်းပေးရန်ကိစ္စ၊ အထူး သဖြင့် ဒေါ်လာငွေ အမြောက်အမြား လိုအပ်ပြီး ပြင်ပဈေးကွက်တွင် ဒေါ်လာငွေပမာဏ အများအပြား အသုံးပြု၍ ဝယ်ယူလျက်ရှိသည့်မရှိ မဖြစ်ပစ္စည်းများအား အမှန်တကယ် တင်သွင်းသူများ၏ နိုင်ငံခြားငွေလို အပ်ချက်များကို ပြည်တွင်းဘဏ် များမှ တစ်ဆင့် ဖြည့်ဆည်းရောင်း ချပေးနိုင်ရန်၊ ပို့ကုန်တင်ပို့သူများ အနေဖြင့်လည်း ယင်းလုပ်ငန်းများမှ ရငွေများကို ပြည်တွင်းဘဏ်စာ ရင်းများထံ အပြည့်အဝ ယူဆောင် ရန်၊ နိုင်ငံအတွင်း နိုင်ငံခြား တိုက် ရိုက်ရင်းနှီးမြှုပ်နှံမှုများစီးဝင်လာစေရန်အတွက် မြန်မာနိုင်ငံတော်ဗဟို ဘဏ်သို့ လျှောက်ထားသည့် ပြည်ပ ချေးငွေများကို လျင်မြန်စွာ ခွင့်ပြု ပေးရန်၊ ပြည်တွင်း၌ဘဏ်လုပ်ငန်း များ လုပ်ကိုင်ခွင့်ယူထားသည့် နိုင်ငံ ခြားဘဏ်ခွဲများမှလည်း ပြည်တွင်း ဘဏ်များသိှု့ညအနမဘညေု မြေုနမ မှ တစ်ဆင့် အမေရိကန် ဒေါ်လာဖြင့် ချေးငွေများ ချေးပေးနိုင်ရန် ဆွေးနွေး ခဲ့ကြောင်း သိရသည်။

စီးပွားရေးလုပ်ငန်းရှင် ဦးအောင် ဟိန်းက''ပြည်တွင်းပုဂ္ဂလိကဘဏ် တွေကို ဗဟိုဘဏ်က ဒေါ်လာလိုသ လောက် ရောင်းချပေးမယ်ဆိုရင်တော့ ဒေါ်လာဈေးက ကျသွားမယ်။ ဒီကနေ့ ဆိုရင် ဒေါ်လာဈေးက တန့်နေပြီး အရောင်းအဝယ်တောင် မရှိသလောက် ဖြစ်သွားတယ်။ ငွေလဲကောင်တာတွေ ကလဲ အရောင်းအဝယ်မလုပ်ကြတဲ့ အထိကို ဖြစ်သွားတယ်''ဟု သုံးသပ် ပြောကြားသည်။

AK - Democracytdoay

မှတ်ချက်များ