![]() |
| ဗုံးပေါက်ကွဲမှုတွင်ပြစ်မှုကျူးလွန်သူဟု ယူဆရသူများကို ဇွန် ၁၂ ရက်က ရုံးထုတ်လာစဉ်။ဓာတ်ပုံ-နေဝန်းဦး |
ထရိတ်ဒါးဟိုတယ် (ယခု ဆူးလေရှန်ဂရီလာ) ဗုံးပေါက်ကွဲ မှု အမိန့်ချရန် ဇွန် ၁၉ ရက်သို့ ရွှေ့ ဆိုင်းလိုက်ကြောင်း အနောက်ပိုင်း ခရိုင်တရားရုံးထံမှ စုံစမ်းသိရသည်။
ယင်းထရိတ်ဒါးဟိုတယ် (ယခု ဆူးလေရှန်ဂရီလာ) ဗုံးပေါက်ကွဲမှုအ တွက် ဇွန် ၁၂ ရက်က ပြစ်မှုကျူးလွန်သူ ဟု ယူဆရသူများကို ရုံးထုတ်ခဲ့သော် လည်း အမိန့်ချရန် နောက်တစ်ပတ်ရုံး ချိန်းသို့ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။
ယင်းသို့ ရက်ရွှေ့ဆိုင်းမှုနှင့်ပတ် သက်၍ ကျောက်တံတားမြို့မရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ''တရားသူကြီး မအားလပ်လို့ ရက်ရွှေ့ဆိုင်းလိုက် တာပါ''ဟု မီဒီယာများသို့ ပြောသည်။
ထရိတ်ဒါးဟိုတယ် (ယခုဆူးလေ ရှန်ဂရီလာ) ဗုံးပေါက်ကွဲမှုကြောင့် ပြစ်မှုကျူးလွန်သူဟုယူဆရသူ ဦးစော မြင့်လွင်အပါအဝင် သုံးဦးတို့သည် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်း များဆိုင်ရာ ဥပဒေပုဒ်မ-၃ နှင့် ပုဒ်မ- ၆ တို့ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ် ကြောင်း သိရသည်။
ထို့ပြင် ယင်းတို့သုံးဦးကို ၂ဝ၁၃ ခုနှစ် အောက်တိုဘာလအတွင်းက အ လုံမြို့နယ်ရှိ WESTREN PARK RUBY စားသောက်ဆိုင်အတွင်းရှိ စားပွဲတစ်လုံးအောက်တွင် လက်လုပ် ဗုံးနှစ်လုံးတွေ့ရှိမှုနှင့်ပတ်သက်၍ လည်း ပေါက်ကွဲစေတတ်သော ဝတ္ထု ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ-၃ အ ရ တရားစွဲဆိုခံထားရကြောင်း ထပ် မံစုံစမ်းသိရသည်။
''အဲဒီနှစ်မှုစလုံးအတွက် နောက် တစ်ပတ်ရုံးချိန်းမှာ အမိန့်ချမှာပါ'' ဟု ကျောက်တံတားမြို့မရဲစခန်းမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။
ထရိတ်ဒါးဟိုတယ် (ယခု ဆူး လေရှန်ဂရီလာ) ဗုံးပေါက်ကွဲမှုနှင့် WESTREN PARK RUBY စား သောက်ဆိုင်အတွင်းရှိ စားပွဲတစ်လုံး အောက်တွင် လက်လုပ်ဗုံးနှစ်လုံး တွေ့ရှိမှုနှစ်ခုစလုံးအတွက် ဇွန် ၁၉ ရက်တွင် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။
၂ဝ၁၃ ခုနှစ် အောက်တိုဘာ လအတွင်းကဖြစ်ပွားခဲ့သော ထရိတ် ဒါးဟိုတယ် (ယခု ဆူးလေရှန်ဂရီလာ) တွင် ဗုံးပေါက်ကွဲမှုကြောင့် အမေရိ ကန်နိုင်ငံသူ အမျိုးသမီးတစ်ဦး ဒဏ် ရာရရှိခဲ့ကြောင်း ကျောက်တံတားမြို့မ ရဲစခန်းမှ စုံစမ်းသိရသည်။
TZO - Democracytoday


မှတ်ချက်များ