2016 Model Chevrolet Camaro
ရန်ကုန်တိုင်းပရိသတ်ကြီးအတွက် ဒီတစ်ပတ်ဖော်ပြချင်တဲ့ကားအမျိုး အစားကတော့ 2016 model Chevrolet Camaro ပဲဖြစ်ပါတယ်။ Chevrolet ရဲ့ ပဉ္စမမျိုးဆက် Camaro ကို ၂ဝ၁ဝပြည့်နှစ်နောက်ပိုင်းမှာ မိတ်ဆက်ပြီးနောက် ဈေးကွက်မှာအတော်လေးကွယ်ပျောက်နေရာကနေပြီး ၂ဝ၁၅ခုနှစ်မှာ ဆဋ္ဌမမျိုးဆက် Camaro ကို မိတ်ဆက်ပေးလိုက်ပါပြီ။
အမှီအခိုကင်းတဲ့ ရှေ့ဆိုင်းထိန်းစနစ်၊ တောင့်တင်းတဲ့ Body စတိုင်များ နဲ့ ပဉ္စမမျိုးဆက် Camaro ကတော့ ခေတ်ဆန်တဲ့အသွင်ဆောင်လျက်ရှိနေပါ တယ်။
ကာတွန်းဇာတ်ကောင်ဆန်တဲ့အသွင်အပြင်နဲ့ Camaro ဟာ ဒီဇိုင်းအ ပြင်အဆင်တစ်ခုတည်း ဆန်းသစ်တီထွင်ထားတာမဟုတ်ဘဲ ဘက်ပေါင်းစုံက စမ်းသပ်ရွေးချယ်ပြီး ဝယ်ယူစီးနင်းဖို့ အသင့်တော်ဆုံးဆိုတာ အာမခံပါရစေလို့ Camaro ရဲ့ဒီဇိုင်းဒါရိုက်တာ Tom Peter က ဆိုပါတယ်။ Model သစ်ဟာ ယခင် model အဟောင်းတွေထက် ပို ပြီးကြံ့ခိုင်သန်မာတဲ့အသွင်ဆောင်နေသလို အပြစ်အနာအဆာလည်း ပိုကင်းပါတယ်။
လေးယောက်စီး Coupe အမျိုး အစား Camaro မှာ V6 အင်ဂျင်နဲ့ V8 အင်ဂျင်များလည်းရနိုင်သလို ဆီစားသက်သာလိုသူများအတွက် ဆလင်ဒါ လေးလုံးထိုး Turbocbarged အင်ဂျင်များလည်းရနိုင်ပါတယ်။
အင်ဂျင်ပါဝါ 3.6 လီတာ V6 မှာတော့ မြင်းကောင်ရေ ၃၃၅ အားရှိပြီး ရုန်းအား 284 Pound/feet ရှိပါတယ်။ အင်ဂျင်ပါဝါ 6.2 လီတာ V8 အင်ဂျင်မှာတော့ မြင်းကောင်ရေ ၄၅၅အားရှိပြီး ရုန်းအား 455 Pound/ fee ရှိပါတယ်။ အင်ဂျင်အသစ် 20. လီတာ ဆလင်ဒါလေးလုံးထိုးမှာတော့ မြင်းကောင်ရေ ၂၇၅အားရှိပြီး ရုန်းအား 295 Pound/feet ရှိပါတယ်။ ဒီမော်ဒယ်မှာတော့ တစ်ဂါလန်မိုင် ၃ဝနှုန်းလောက်အထိ ဆီစားသက်သာစွာမောင်းနှင်နိုင်သလို အ မြန်နှုန်းသုညမိုင်ကနေ မိုင်၆ဝ ကို အချိန်ခြောက်စက္ကန့်အတွင်း အရှိန်မြှင့်တင်မောင်းနှင်နိုင်ပါတယ်။
ဂရိတ်များအနေနဲ့ LTနဲ့ SS ဆိုပြီး နှစ်မျိုးရှိပါတယ်။ LT model မှာတော့ ၁၈လက်မ အလွိုင်းဝှီးရနိုင်သလို လက်မ ၂ဝနဲ့လည်းရနိုင်ပါတယ်။ SS model ရဲ့စံအလွိုင်းကတော့ လက်မ၂ဝတစ်မျိုးတည်းကို lead နောက်မီးသီးတွေ နဲ့ရနိုင်ပြီး Snow, ice, Tour, Sport စတဲ့ Function တွေပါဝင်မှာဖြစ်ပါတယ်။ လမ်းအခြေအနေပေါ်မူတည်ပြီး ဆိုင်း ထိန်းစနစ်၊ စတီယာရင်အရှိန်နှုန်း၊ လမ်းကြောင်းစသည်ဖြင့် စိတ်ကြိုက်ရွေးချယ်မောင်းနှင်နိုင်ပါတယ်။
အတွင်းခန်းအပြင်အဆင်အနေနဲ့ 2016 Camaro မှာ သတိပြုမိနိုင်လောက်တဲ့ဒီဇိုင်းမြှင့်တင်မှုတွေပြုလုပ်ထားပါတယ်။ လုံခြုံရေးအထူးပြုဂိတ်တံခါးများနဲ့ သီးသန့်ဆက်သွယ်ဖွင့်လှစ်နိုင်မယ့် Configurable gauge Cluster စနစ် Customizable ambient Cabin Lighting စနစ်နဲ့ ရှစ်လက်မဘက်စုံသုံးဖျော်ဖြေရေးစနစ်ပါ LCD Display, Chevrolet My Link app functions တွေပါဝင်ပါတယ်။
Camaro SS မှာတော့ GM'S Magnetic Ride Control စနစ်တပ်ဆင်ပေးထားပါတယ်။ 2016 Camaro model ဆဋ္ဌမမျိုးဆက်မှာတော့ အဓိက Driver focused interior အဖြစ် စံသတ်မှတ်တည်ဆောက်ထားပါတယ်။ 2016 Camaro ရဲ့ ခန့်မှန်း ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာခုနစ် သောင်းကျော်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ကိုဇော် - TheYangonTimes





မှတ်ချက်များ