အမြဲတမ်း အကြံဥာဏ်ကောင်းတွေ ရရှိနိုင်ရန်

အလုပ်ထဲမှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ်၊ အကြံဥာဏ်ကောင်းတွေကို ရရှိဖို့ရန် ဘယ်လိုလုပ်ရမလဲ။ လွယ်လွယ်နဲ့တော့ အကြံဥာဏ်ကောင်းဆိုတာ ထွက်လာမှာ မဟုတ်ပါ။

ကြိုးစားပြီး လေ့လာ၊ လေ့ကျင့်ဖို့ရန် လိုအပ်ပါတယ်။ ကဲ ဘယ်လိုလေ့လာ ကြမလဲ။

★ လုပ်ဖို့ရန် ကြံစည်ထားသော၊ လုပ်ချင်သော အရာအားလုံးကို ရေးချပါ။

★ ဘယ်ပဲသွားသွား ရေးမှတ်ရန် စာအုပ်ကို ယူသွားပါ။

★ စိတ်ထဲမှာ ပေါ်လာတာကို စာအုပ်ထဲမှာ ချရေးပါ။

★ ကွန်ပျုတာ၊ ဖုန်းကို ခဏမေ့ထားပါ။

★ ခဏလောက် ဘာမှ မစဉ်းစားပဲ နားနေကြည့်ပါ။

★ ကိုယ့်ဟာကိုယ် အပြစ်ပေးတာကို ရပ်လိုက်ပါတော့။

★ ခဏ နားလိုက်ပါ။

★ ရေချိုးရင်း သီချင်းဆိုလိုက်ပါ။

★ ကော်ဖီ၊ လက်ဖက်ရည်ကို နည်းနည်းသောက်ပါ။

★ ကိုယ့်ရဲ့အကြောင်းကို သိအောင် ကြိုးစားပါ။

★ သီချင်းအသစ်ကို နားထောင်ပါ။

★ ပတ်ဝန်းကျင်ကို လက်ခံလိုက်ပါ။

★ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ အကြံဥာဏ်ကောင်းသူ ရှိပါစေ။

★ အကြံပေးချက်ကို လက်ခံတတ်သူ ဖြစ်အောင် ကြိုးစားပါ။

★ တော်သောသူနဲ့ ပူးပေါင်း လုပ်ဆောင်နိုင်အောင် ကြိုးစားပါ။

★ လွယ်လွယ်နဲ့ လက်မလျှော့ပါနဲ့။

★ လေ့ကျင့်ပါ။ အချိန်ရှိရင် ပြန်ပြီး လေ့လာ လေ့ကျင့်ပါ။

★ ဆုံးရှုံးမှုတွေကို တွေးပြီး မကြောက်ပဲ လုပ်သာလုပ်ပါ။

★ နေရာသစ်သို့ ရောက်အောင်သွားပါ။

★ ရုပ်ရှင်ကြည့်ပါ။

★ ကိုယ့်ရဲ့အသက်ရှုအကြိမ်ရေ ကိုရေတွက်ကြည့်ပါ။

★ တာဝန်ကြီးကို ယူတတ်ရပါမယ်။

★ စာအုပ်ကြီး အတိုင်းလုပ်လဲ မမှန်နိုင်ပါ။

★ ကိုယ့်အတွက် အချိန်ကို ရအောင်လုပ်ယူပါ။

★ မကြိုက်တဲ့အလုပ်ကို ဆက်မလုပ်သင့်ပါ။

★ စွယ်စုံကျမ်းရဲ့ တစ်မျက်နှာကို ဖတ်ကြည့်ပါ။

★ ဘဝအတွက် အစီအစဉ်ကို ဆွဲကြည့်ပါ။

★ သူများအတွက် အသက်ရှည်နေရရင်တော့ ချက်ချင်း ရပ်လိုက်ပါ။

★ အကြံဥာဏ်ကောင်းတွေကို ချက်ချင်း ချရေးပါ။

★ အလုပ်ခွင်က ကိုယ့်နေရာကို သန့်သန့်ရှင်းရှင်းထားပါ။

★ ခေါင်းထဲမှာ အမြဲတမ်း စဉ်းစားမနေပဲ ပျော်အောင်နေတတ်အောင် ကြိုးစားပါ။

★ မပြီးသေးတဲ့အလုပ်တွေကို အိမ်စာမထားပဲ ချက်ချင်းလုပ်ပါ။

Chelmo Team

မှတ်ချက်များ