လက်ဖြင့် ပြုစားရအောင်
ပြုစားမယ်ဆိုလို့ သူတပါးကို မကောင်းတာလုပ်မယ်လို့ မထင်နဲ့နော်။ ကျန်းမာရေးအတွက် ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ဘယ်လိုကောင်းအောင် ကုစားမယ်ဆိုတာပါ။
ကိုယ့်ရဲ့ ခန္ဓာကိုယ်ရဲ့ မကောင်းတဲ့အပိုင်းက ဘာဖြစ်မလဲဆိုတာကို အရင်စဉ်းစားကြည့်ပါ။ ပြီးရင်တော့ အောက်ဖော်ပြပါနည်းလေးအတိုင်း လိုက်လုပ်ကြည့်လိုက်ပါ။
ှStep 1 : ပုံက ဘယ်ဘက်လက်ဖြစ်တာကြောင့် ညာဘက်လက်ရဲ့ လက်မနဲ့ ခန္ဓာကိုယ်ရဲ့ မကောင်းတဲ့နေရာကို ၅ စက္ကန့် ဖိထားလိုက်ပါ။
Step 2 : ပြီးလျှင် ၃ စက္ကန့် ခဏလွှတ်လိုက်ပါ။
Step 3 : ပြီးလျှင် ၅ စက္ကန့် ပြန်ဖိထားလိုက်ပါ။
Step 4 : Step 2,3 တလှည့်စီ ၃ မိနစ်ကနေ ၅ မိနစ်အထိလုပ်ပေးပါ။
Step 5 : ပြီးလျှင် ဒီလေ့ကျင့်ခန်းလေးကို ၃ကြိမ်မှ ၅ ကြိမ်အထိ လုပ်ပေးပါ။
အချိန်မရှိတဲ့သူများအတွက်လည်း အထူးသင့်တော်ပါတယ်။ သွားရင်းလာရင်းနဲ့လည်း ဒီလေ့ကျင့်ခန်းလေးကို လုပ်နေနိုင်လို့ပါ။
အကယ်၍ အရမ်းနာတဲ့နေရာတွေတွေ့နေရပြီဆိုရင် ဒီနေရာမှာပါတဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းက အားနည်းနေနိုင်တဲ့အတွက် ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်နိုင်မှာပါ။
Chelmo Team

မှတ်ချက်များ