Wyne Lay ရဲ့ Selfie အကြောင်း သိပြီးပြီလား
ဝိုင်းလေး ရဲ့ တစ်ကိုယ်တော် တေးစီးရီးသစ် Selfie အကြောင်းလေးကို တင်ပြပါရစေ။
ဒီအခွေလေးကို ဝိုင်းလေးရဲ့ပထမဆုံးအခွေဖြစ်တာနဲ့အတူ ပရိသတ်တွေရဲ့ ရင်ထဲမှာ စွဲသွားစေမဲ့ သီချင်းလေးတွေကို ဖန်တီးထားကြောင်းကို ရှင်းလင်းပြောကြားသွားပါတယ်။
အခွေလေးကို ဇွန်လ ၁၃ ရက်နေ့မှာ စတင်ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။
ဝိုင်လေးရဲ့ သီဆိုဖျော်ဖြေမှုနဲ့အတူ ချယ်မို ပရိသတ်များအတွက်လည်း စကားလက်ဆောင်လေးကို ကြည့်လိုက်ပါဦးနော်။
ဝိုင်းလေးရဲ့ တစ်ကိုယ်တော် တေးစီးရီးသစ် မိတ်ဆက်ပွဲမှာ ဝိုင်းလေးကိုယ်တိုင်က လက်မှတ်ရေးထိုးပေးမှာဖြစ်ပြီး ကျင်းပမဲ့ အချိန်နဲ့နေရာတွေကတော့ အောက်မှာ ဖတ်ကြည့်လိုက်နော်။
နေရာ။ ။ ရန်ကုန်မြို့၊ဒဂုံ စင်တာ ဒုတိယထပ် (Promotion Area)
နေ့ရက်။ ။ ဇွန်လ ၁၃ ရက် စနေနေ့
အချိန်။ ။ နေ့လည် ၃နာရီ မှ ၆ နာရီ
နေရာ။ ။ မန္တလေးမြို့၊ မင်္ဂလာ မန္တလေး (Promotion Square)
နေ့ရက်။ ။ ဇွန်လ ၁၄ ရက် တနင်္ဂနွေနေ့
အချိန်။ ။ ညနေ ၅နာရီ မှ ၇ နာရီ
Chelmo Team

မှတ်ချက်များ