ပေါင်(၇၂၀၀၀) တန်ကားကို ငွေအကြွေစေ့တွေနဲ့ ငွေပေးချေမှု ပြုလုပ်
ငွေကြေးကို စနစ်တကျစုဆောင်းသူဖြစ်ပေမယ့် ငွေ အကြွေစေ့ အများစုကို သိမ်းဆည်းထားသူဖြစ် တာကြောင့် ပစ္စည်းဝယ်ယူခဲ့ ရာမှာ အံ့အား သင့်စရာ ဖြစ်သွားစေခဲ့ပါတယ်။ ပေါင် (၇၂၀၀၀) တန် ကားကို ၀ယ်ယူရာမှာ ငွေအကြွေစေ့တွေအများစုနဲ့ ပေးချေခဲ့ တာကြောင့် ဆိုင်ဝန်ထမ်းတွေ အတွက် အလုပ်ရှုပ်တဲ့ နေ့တစ်နေ့ ဖြစ်သွား ခဲ့ပါတယ်။
တရုတ်နိုင်ငံမြောက်ပိုင်း၊ ရှီယန်မြို့မှာ ဖွင့်လှစ်ထားတဲ့ ကားအရောင်းပြခန်းကို ဂန်အမည်ရ အမျိုးသား တစ်ဦး ရောက်လာပြီး ပေါင်(၇၂၀၀၀)တန်ကားကို ၀ယ်ယူခဲ့ပါတယ်။ ဒါပေမဲ့ ဒီကားကို ၀ယ်ယူရာမှာ ပေါင် (၇၀၀၀၀)ကို ငွေအကြွေစေ့တွေနဲ့ ပေးချေ ခဲ့ပြီး ကျန်ပေါင် (၂၀၀၀)ကို ငွေစက္ကူနဲ့ ပေးချေခဲ့ပါတယ်။ တရုတ် နိုင်ငံသုံး ယွမ်နဲ့ ပေးချေခဲ့တာကြောင့် ငွေအကြွေစေ့တွေဟာ အလွန် များပြား ခဲ့ပြီး အလေးချိန်က (၄) တန် အထိ ရှိခဲ့ပါတယ်။
ဒါဟာ ဆင်ပေါက်တစ်ကောင်ရဲ့ အလေးချိန်လောက်ရှိပြီး ငွေအကြွေစေ့ တွေရဲ့ အမြင့် က (၄) မီတာလောက် ရှိသလို ၀န်ထမ်းပေါင်း (၁၀)ဦး တစ်နာရီကျော် နီးပါး သယ်ယူခဲ့ရ ပါတယ်။ ဘာကြောင့် ငွေအကြွေစေ့တွေနဲ့ လာရောက် ၀ယ်ယူရ သလဲ ဆိုတာ မေးမြန်းခဲ့ရာ ဂန်က မိမိသည် ဆီဆိုင်ဝန်ထမ်း တစ်ဦး ဖြစ်ပြီး ဘတ်စ်ကားတွေဆီက ရရှိလာတဲ့ အကြွေစေ့တွေကို နှစ်ပေါင်းများစွာ စုဆောင်း ခဲ့တယ်လို့ ပြောကြားခဲ့ ပါတယ်။
messenger

မှတ်ချက်များ