ငယ်ပါကို ခါချဉ်အုံအတွယ်ခံကာ စတန့်ထွင်တဲ့သူ


ထိုင်းနိုင်ငံမှ အမည်မသိအမျိုးသားတစ်ဦးရဲ့ဗီဒီယိုဖိုင်ကို တိုမိုသတင်း ဌာနက You Tube ပေါ်ကို တင်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါဗီဒီယိုဖိုင်ကတော့ စတန့်ထွင်တတ်တဲ့လူငယ်များအတွက် သင်ခန်းစာတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။

ဗီဒီယိုင်ဖိုင်ထဲမှာ ယင်းအမျိုးသားဟာ ခါချဉ်အုံများကို သူ့ရဲ့ငယ်ပါထဲကို လောင်းထည့်ပြီး အပေါင်းအသင်းများရဲ့ရှေ့တွင် စတန့်ထွင်ခဲ့တာကို တွေ့ရပါတယ်။ ခါချဉ်ကောင်များရဲ့အစွမ်းပြမှုကြောင့် အမျိုးသားဟာ ဘယ်လိုမှ မခံစားနိုင်တော့ဘဲ သူ့ရဲ့အတွင်းခံဘောင်းဘီကိုချွတ်ပြီး သူငယ်ချင်းများကို ငယ်သံပါအောင် အော်ဟစ် အကူအညီတောင်းခံခဲ့ရပါတယ်။ သူ့ရဲ့သူငယ်ချင်းများကလည်း ရေပိုက်ဖြင့် ပက်ဖျန်း ပေးခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ အမည်မသိအမျိုးသားဟာ သူ့ရဲ့လုပ်ရပ်တွေအတွက် နောင်တရ နေရှာပါတယ်။ ဗီဒီယိုထဲမှ သူ့ရဲ့ပုံစံဟာ နာကျင်မှုကို အရမ်းခံစားနေရပုံပါပဲ။

TheFlowerNews‬

မှတ်ချက်များ