တရုတ်အမျိုးသမီးများ ချိုင်းမွေးကမ်ပိန်းဆင်နွှဲ



တရုတ်နိုင်ငံမှအမျိုးသမီးများ ချိုင်းမွေးကမ်ပိန်းဆင်နွှဲခဲ့ကြတယ်လို့ သိ ရပါတယ်။

အဆိုပါချိုင်းမွေးကမ်ပိန်းကို ထောက်ခံကြသူများကတော့ သူတို့ရဲ့ချိုင်း မွေးတွေကို ဓာတ်ပုံရိုက်ပြီး တရုတ်တွစ် တာပေါ်ကို တင်ခဲ့ကြပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်ဝန်းမှာရှိကြတဲ့ တရုတ်အမျိုး သမီးများကလည်း သူတို့ရဲ့ချိုင်းမွေးများ ကို Selfie ရိုက်ကူးလို့ လူမှုကွန်ရက်ပေါ် ကို Weibo လူမှုကွန်ရက်ပေါ်ကိုတင်ကာ ချိုင်းမွေးကမ်ပိန်း ဆင်နွှဲခဲ့ကြတာပဲဖြစ်ပါ တယ်။

ယင်း Weibo လူမှုကွန်ရက် ပေါ်ကိုတော့ ထောင်နဲ့ချီရှိတဲ့ဓာတ်ပုံတွေ တင်ခဲ့ကြပြီး ချိုင်းမွေးကမ်ပိန်း ဆင်နွှဲမှု အပေါ် တရုတ်အမျိုးသမီးများရဲ့စိတ်ပါ ဝင်စားမှုကို သက်သေပြစေခဲ့တာပဲဖြစ် ပါတယ်။

တရုတ်အမျိုးသမီးများအခွင့် အရေးတက်ကြွလှုပ်ရှားသူ Xiao Meili က ''မိန်းကလေးအများစုဟာ သူတို့ရဲ့ ချိုင်းမွေးတွေနဲ့ပတ်သက်လို့ စိုးရိမ်စိတ် သောကရောက်တဲ့စိတ်တွေ ရှိကြပါတယ်။

မိန်းကလေးတွေမှာ ချိုင်းမွေးပေါက်တာ ပြဿနာတစ်ခုမဟုတ်သလို ညစ်ပတ်တာ လဲ မဟုတ်ပါဘူး''လို့ ပြောဆိုခဲ့ပါတယ်။

တရုတ်ကျောင်းသူတစ်ဦးက တော့''ကျွန်မရဲ့ချိုင်းမွေးကို သဘောကျ ပါတယ်။ သဘာဝအရဖြစ်ပေါ်လာတဲ့ အမွေးတွေအတွက် စိုးရိမ်စိတ်မရှိပါဘူး''လို့ လူမှုမီဒီယာစာမျက်နှာပေါ်မှာ ရေး သားထားပါတယ်။

‎TheFlowerNews‬

မှတ်ချက်များ