ကမ္ဘာ့အမြင့်ဆုံး တောင်တက် လှေကားထစ်



ဘဝမှာ တခါတရံ အံ့သြဖွယ် သဘာဝရှုခင်းတွေ ခံစားဖို့ စွန့်စားမှုတစ်ခုခု လိုအပ်ပါတယ်။
ဒီ Haiku Stairs လို့ခေါ်တဲ့ ဟိုင်ကူလှေကားထစ်တွေလည်း ထူးမခြားနားပါပဲ။ခိုင်ခိုင်ခံ့ခံ့ သိပ်မရှိတော့တဲ့ ဒီလှေကားထစ်တွေဟာ ဟာဝါယန် Oahu ကျွန်း အထက် မိုးပေါ် ပေ ၃၀၀၀ ကျော်အထိ ထောင်တက်နေပါတယ်။

အသက်အန္တရာယ် စိုးရိမ်ဖွယ်ရှိတာကြောင့် ယင်းကျွန်းပေါ် နေထိုင်သူဒေသခံတွေက ကမ္ဘာလှည့်ခရီးသွားတွေကို ၃၉၂၂ ထစ်ပါတဲ့ ယင်းလှေကားထစ်ပေါ် မတက်ဖို့ တားမြစ်ကြပါတယ်။

ဒါပေမယ့်သည်းထိတ်ရင်ဖို စွန့်စားလိုသူတွေကတော့ ယင်းခရီးကို မရမက ဆက်လျောက်သွားကြပါတယ်။ ကမ္ဘာ့အံ့မခမ်းဖွယ် အကောင်းဆုံး ရှုခင်းမြင်ကွင်းထဲက တစ်ခုအဖြစ် ပါဝင်နိုင်ပါတယ်။

ယင်းလှေကားတွေကို ဒုတိယ ကမ္ဘာစစ်အတွင်း မဟာမိတ်စစ်သားတွေက ပင်လယ်မျက်နှာပြင်အထက် မီတာထောင်ချီရှိတဲ့ ရေဒီယိုတာဝါတိုင်တွေ မိနိုင်အောင် ကနဦးဆောက်လုပ်ခဲ့တာလို့ ယူဆထားပါတယ်။

“ဒါကို ဆက်လက် ထိန်းသိမ်းထားမလား ဒါမှမဟုတ် ဖယ်ရှားပစ်မလား” အဖြေတစ်ခုပဲ ရှိတယ်လို့ Oahu ကျွန်းသား Bob Crosby က ပြောဆိုခဲ့ပါတယ်။

Trend Myanmar

မှတ်ချက်များ