တောင်ကိုရီးယားတွင် မားစ်ရောဂါဖြင့် သေဆုံးသူ (၆) ဦးရှိနေပြီဖြစ်
တောင်ကိုရီးယားနိုင်ငံတွင် အရှေ့ အလယ်ပိုင်း အသက်ရှုလမ်းကြောင်း ကူး စက်ရောဂါ(မားစ်)ဖြင့် သေဆုံးသူ (၆) ဦး ရှိလာခဲ့ပြီ ဖြစ်ကြောင်း အစိုးရ အရာရှိများက ပြောဆိုခဲ့သည်။ တနင်္ဂနွေနေ့တွင် နောက်ထပ်ကူး စက်ခံရသူ (၂၃) ဦးရှိခဲ့ပြီး ယခုအချိန်တွင် မားစ်ရောဂါ ဖြစ်ပွားသူ စုစုပေါင်း (၈၇) ဦး ရှိသွားပြီ ဖြစ်သည်။ အရှေ့အလယ်ပိုင်း ပြင်ပတွင် မားစ်ရောဂါ ဖြစ်ပွားမှုနှုန်း အများဆုံး ဖြစ်သည်။
လူ ၂၃၀၀ အား မားစ်ရောဂါ သံသယ ဖြင့် အခြားလူများနှင့် ထိတွေ့ခွင့်မပေးဘဲ စောင့်ကြည့်မှုများကို ပြုလုပ် နေပြီး စာသင်ကျောင်း (၁၉၀၀) နီးပါးကိုလည်း ပိတ် ထားခဲ့ရသည်။ ဆိုးလ်မြို့တော်ငဘက် (၁၄၀)ကီလိုမီတာ( ၈၇ မိုင်) အကွာရှိ ဒေဂျွန် တွင် အသက် (၈၀) ကျော်အရွယ် အမျိုးသား တစ်ဦး မားစ်ရောဂါဖြင့် သေဆုံးခဲ့သည်။ မားစ်ရောဂါသည် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်း ဖြစ်ပြီး ရောဂါ ဖြစ်ပွားပါက ဖျားနာခြင်း၊ အသက်ရှု ကျပ်ခြင်း၊ အဆုတ်ရောင်ခြင်းနှင့် ကျောက်ကပ် ပျက်စီးခြင်းတို့ ဖြစ်စေ တတ်သည်။
messenger

မှတ်ချက်များ