မာလီတွင် အကြီးဆုံးသူပုန်အဖွဲ့နှင့်အစိုးရ အပစ်ရပ်ပြီ
မာလီနိုင်ငံမှာ အကြီးဆုံး သူပုန်အဖွြဲ့ဖစ်တဲ့ တာရတ် လက်နက်ကိုင်အဖွဲ့က ဦးဆောင်ထားတဲ့ ညွန့်ပေါင်းအဖွဲ့နဲ့ အစိုးရတို့ အပစ်ခတ်ရပ်စဲဖို့ သဘောတူလိုက်ပါတယ်။
ဒါကြောင့် နိုင်ငံမြောက်ပိုင်းမှာ ဆယ်စုနှစ်လောက်ကြာနေပြီဖြစ်တဲ့ ပဋိပက္ခဟာ ကုလသမဂ္ဂ ကြားဝင်ဆောင်ရွက်ပေးမှုနဲ့ အဆုံးသတ်သတ်သွားမယ့် အလားအလာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ ကိုယ်စားလှယ်ရဲ့ အဆိုအရ ဇွန် ၅ ရက်နေ့ ချုပ်ဆိုလိုက်တဲ့ သဘောတူစာချုပ်မှာ နိုင်ငံရေး အာမခံချက်တွေ အရင်ထက် ပိုမို ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။
မာလီငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်တာကို အစိုးရက မတ်လတည်းက လက်ခံထားခဲ့တာပါ။
ဒါပေမယ့် သူပုန်ညွန့်ပေါင်းအဖွဲ့ကတော့ သူတို့ တောင်းဆိုချက်တွေ မရတဲ့အတွက်ကြောင့် ဆိုပြီး အပြီးသတ် လက်မှတ်ထိုးမယ့် ကိစ္စကို အချိန်ဆွဲထားခဲ့တာပါ။
အခု အပစ်ရပ်စဲရေး သဘောတူညီချက်အရ သူပုန်အဖွဲ့ဟာ မီနာကာမြို့ကနေ ဆုတ်ခွာပေးရမှာဖြစ်ပြီး ကုလသမဂ္ဂ တပ်တွေက ယာယီ လုံခြုံရေး ယူပေးထားမယ့် အစီအစဉ်ဖြစ်ပါတယ်။
ဇွန်လ ၂၀ ရက်နေ့ကျရင် မြို့တော် ဘာမာကိုမှာ အပြီးသတ် သဘောတူညီချက်ကို လက်မှတ်ထိုးနိုင်ဖို့ မျှော်လင့်တယ်လို့ ကုလသမဂ္ဂ အထူးသံတမန် မောင်ဂီဟမ်ဒီက ပြောပါတယ်။
DVB

မှတ်ချက်များ