ကန် အစိုးရ၀န်ထမ်း ၄ သန်းရဲ့ ကိုယ်ရေးအချက်အလက်တွေ ကျိုးပေါက်


အမေရိကန် နိုင်ငံမှာ အစိုးရ ဝန်ထမ်းပေါင်း ၄ သန်းနီးပါးရဲ့ ကိုယ်ရေး အချက်အလက်တွေ ကျိုးပေါက် ခိုးယူ ခံရမှုအတွက် တရုတ် ဟက်ကာတွေကို သံသယရှိကြောင်း အမေရိကန် အရာရှိတွေက ပြောပါတယ်။

အမေရိကန် အစိုးရရဲ့ လက်ရှိ ဝန်ထမ်းတွေ အပြင် ဝန်ထမ်းဟောင်း တွေရဲ့ အချက်အလက် တွေကိုပါ ခိုးယူ ခံခဲ့ရတာလို့ အစိုးရ ဝန်ထမ်း ကိုယ်ရေး အချက်အလက် စီမံရေး ဌာန OPM က ပြောပါတယ်။

ဒီလို အချက်အလက်တွေ ကျိုးပေါက်မှုဟာ အမေရိကန် ဗဟို အစိုးရရဲ့ အေဂျင်စီ အဖွဲ့ခွဲတွေ အားလုံးကို သက်ရောက်နိုင်ဖွယ် ရှိပြီး တရုတ်နိုင်ငံမှာ အခြေစိုက်တဲ့ ဟက်ကာတွေရဲ့ လက်ချက်လို့ ယုံကြည်ရကြောင်း အမေရိကန် အရာရှိတွေက ဆိုပါတယ်။

တရုတ် နိုင်ငံကတော့ ဒီကိစ္စမှာ တရုတ် အစိုးရ ပါဝင် ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်။

BBC Burmese

မှတ်ချက်များ