နှာခေါင်းစီး စည်းလာတဲ့ ဟောင်ကောင်ကျောင်းသူနှစ်ဦးကို ဆိုးလ်တက္ကသိုလ်ကျောင်း ဆရာမောင်းထုတ်


အရှေ့အလယ်ပိုင်းနိုင်ငံ ဆော်ဒီမှ ပြန်လာသူတစ်ဦးက စတင်ပြီး မားစ်လို့ခေါ်တဲ့ အရှေ့ အလယ်ပိုင်းဒေသမှာဖြစ်ပွားတဲ့ အဖျားရောဂါတစ်မျိုး ကူးစက်ပျံ့နှံ့ရာကနေ အနီရောင် အရေးပေါ်အချက်ပြအခြေနေထုတ်ပြန်ထားရတဲ့ တောင်ကိုးရီးယားနိုင်ငံတွင်းမှာ သွား လာလှုပ်ရှားနေကြတဲ့ အများပြည်သူများကို ကျန်းမာရေး အထူးဂရုစိုက်နေထိုင်ကြရန် နိုင်ငံပိုင်ကျန်းမာရေးဌာနများက သတိပေးထုတ်ပြန်ထားရပါတယ်။

ယင်းအခြေအနေမှာ တောင်ကိုးရီးယားနိုင်ငံတွင်း တက္ကသိုလ်တစ်ခုက ကျောင်းဆရာ တစ်ဦးက ကျောင်းခန်းထဲကို နှာခေါင်းစီးစည်းလာတဲ့ ဟောင်ကောင်ကျောင်းသူနှစ်ဦး ကို အတန်းထဲကထွက်သွားရန် မောင်းထုတ်လိုက်တဲ့ဖြစ်ရပ်ကြောင့် မြို့တော်တွင်း သတင်းစာမျက်နှာများနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ သတင်းစာမျက်နှာတွေမှာ ပြစ်တင်ရှုံ့ ချဝေဖန်မှုများရေးသားလာတာကို တွေ့ရပါတယ်။

ဆိုးလ်မြို့တော် ဆန်ကျွန်းဝမ်တက္ကသိုလ်မှာ တက်ရောက်နေတဲ့ ဟောင်ကောင်ကျောင်း သူနှစ်ဦးက နှာခေါင်းစီး စည်းပြီး အတန်းတွင်းဝင်ချိန်မှာပဲ ကျောင်းဆရာက နှာခေါင်းစီး ကို ချွတ်လာဖို့နဲ့ မချွတ်နိုင်လျှင် အခန်းထဲကိုမဝင်ဖို့ ဖို့ ဆိုခဲ့ပါတယ်။ ယင်းဖြစ်စဉ်နဲ့ပတ် သက်ပြီး ကျောင်းသူတွေရဲ့နှာခေါင်းစီးစည်းလာခြင်းကတစ်ဖက်လူနဲ့ လူကြီးလူ ကောင်းတွေကို အရိုအသေမဲ့ကာ လေးစားသမူမရှိတဲ့ အပြုအမူဖြစ်တယ်လို့ယူဆကြ တဲ့အတွက်ကြောင့် ယင်းသို့စေခိုင်းလိုက်ခြင်းဖြစ်ကြောင်း ဝန်ခံဖြောင့်ချက်ပေးပြော ကြားပြီး ယနေ့လိုအခြေအနေမှာတော့ ထိုသို့မဖြစ်သင့်ကြောင်းတောင်းပန်ပြောကြား ခဲ့ပါတယ်။

ဖိုးသူတော်

မှတ်ချက်များ