ကမ္ဘာ့အကြီးဆုံး ဟိုတယ်ကို Mecca မှာ တည်ဆောက်


ကမ္ဘာတစ်ဝှမ်းမှ မီလျံနဲ့ချီဟာ တမန်တော် မိုဟာမက်မွေးဖွားရာ ဒေသလည်းဖြစ်၊ အီစလာမ်ရဲ့ အထွတ်မြတ်ဆုံး မြို့လည်းဖြစ်တဲ့ Mecca မြို့သို့ နှစ်စဉ် ဘုရားဖူး သွားရောက်နေကြပါတယ်။ နောက်ပြီး သူတို့တွေ တည်းခိုနေထိုင်ဖို့ အလွန်တရာကြီးမားတဲ့ ဟိုတယ်တစ်လုံး မကြာခင် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

Dar Al-Handasah ကုမ္ပဏီမှ တာဝန်ယူ ဖန်တီးဒီဇိုင်းထားတဲ့ အခန်း ၁၀,၀၀၀ ပါ Abraj Kudai ဟာLas Vegas က အခန်း ၆,၁၉၈ MGM Grand ကို ကျော်လွန်ပြီး ကမ္ဘာမှာ အကြီးဆုံးဖြစ်တော့မှာဖြစ်ပါတယ်။
$3.5 billion အကုန်ကျခံ တည်ဆောက်မယ့် ယင်းဟိုတယ်ကို Mecca မြို့ရဲ့အချက်အချာကျရာ Manafiaဒေသမှာ တည်ဆောက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ၆၄၅,၈၃၀ စတုရန်းနေရာ ဝန်းကြီးထဲမှာshopping mall၊ စားသောက်ဆိုင်တွေ ၊ helipads ၊ ဘတ်စကားရပ်နားရာနေရာ တစ်ခု နဲ့ convention center တစ်ခု ပါဝင်မှာဖြစ်တယ်။

၎င်း Abraj Kudai ဟိုတယ်ဟာ Mecca က ခေတ်မှီအဆောက်အအုံတွေအနက် စီမံကိန်း တစ်ခုသာ ရှိပါသေးတယ်။

အခုလို အရှိန်အဟုန်နဲ့ တိုးချဲ့ဆောက်လုပ်လာခြင်းကြောင့် မြို့ပြရဲ့ သမိုင်းဝင် ဗိသုကာလက်ရာ ထိန်းသိမ်းခြင်းနဲ့ ပတ်သက်ပြီး အချို့ စိတ်ပူနေကြပါတယ်။ ဥပမာ ၂၀၀၂ မှာ ၁၈ ရာစု Ajyad Fortress ခံတပ်ကြီးကို Makkah Royal Clock Tower ဟိုတယ် တည်ဆောက်ဖို့ ဖြိုဖျက်ခဲ့တဲ့ဖြစ်ရပ်တွေ ရှိခဲ့ဖူးပါတယ်။

Trend Myanmar

မှတ်ချက်များ