အမေရိကန်နိုင်ငံတစ် ၀န်း လူငယ်ထုကြား အသက်မ ပြည့်ဘဲ အရက်သောက်သုံးမှုနှင့် အရက်အလွန်အကျွံ သောက်သုံး မှုနှုန်း လျော့ကျလာကြောင်း အ စိုးရ၏ လေ့လာမှုအသစ်အရ သိ ရသည်။
အသက် (၁၂) နှစ်မှ (၂၀) နှစ်အထိ အမေရိကန်နိုင်ငံသား များ အားလုံးကြား အသက်မပြည့် ဘဲ တရားမ၀င် အရက်သောက်သုံးမှု ၆ ဒသမ ၁ ရာခိုင်နှုန်း ကျ ဆင်းသွားကြောင်း ဇွန်လ ၁၁ ရက်တွင် ဖော်ပြသည့် ပစ္စည်းတလွဲ အသုံးချမှုနှင့် စိတ်ကျန်းမာရေး စီမံခန့်ခွဲမှုဌာန (SAMHSA)၏ အစီရင်ခံချက်အရ သိရသည်။
အသက်မပြည့်သေးသူများ အရက်အလွန်အကျွံသောက်သုံး မှုနှုန်းမှာ ၅ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
ယခုစစ်တမ်းကောက်ခံမှုမှာ ၂၀၀၂ မှ ၂၀၁၃ အထိ စစ်ဆေးခဲ့ ခြင်းဖြစ်ပြီး လေ့လာမှု၏ နောက် ဆုံးခုနှစ်အတွင်း လေ့လာမှုတွင် ပါဝင်သည့် လူငယ် ၂၂ ဒသမ ၇ ရာခိုင်နှုန်းက ၎င်းတို့သည် ပြီးခဲ့ သော ရက်ပေါင်း ၃၀ အတွင်း အ ရက်သောက်ခဲ့ကြသည်ဟု ပြော ကြားကြသည်။
ယင်းကဲ့သို့ အရွယ်မရောက် သေးသူများ အရက်သောက်သုံးမှု နှုန်း ကျဆင်းလာခြင်းနှင့် အသက် မပြည့်သေးသူများ အရက်အလွန် အကျွံသောက်သုံးမှု လျော့ကျလာ ခြင်းကြောင့် မိမိတို့ အလွန်ဝမ်း သာနေကြစဉ် အသက်မပြည့်ဘဲ အရက်သောက်သူပေါင်း ကိုးသန်းရှိသော အမေရိကန်နိုင်ငံ တွင် ယင်းကိစ္စကို မိမိတို့ လျစ်လျူ ရှု၍မရဟု SAMHSA ဌာန ညွှန် ကြားရေးမှူး၏ လက်ထောက် အ ရာရှိ ရစ်ခ်ျလူစီက ပြောသည်။
လူငယ်များ၏ ၂၂ ဒသမ ၇ ရာခိုင်နှုန်းမှာ အရက်သောက်ကြ သည်ဆိုခြင်းကြောင့် အရက်မှာ လူငယ်များသုံးသည့် အခြေခံမူး ယစ်ဆေးဝါးအဖြစ် ရှိနေဆဲဖြစ် သည်။
7Day Daily

မှတ်ချက်များ