အွန်လိုင်းတွင် လိင်ကျန်းမာရေး သတင်းအချက်အလက်များကို အသက်ကြီးသူများ ပိုမိုရှာဖွေလာ
အင်တာနက်တွင် လိင်ကျန်းမာရေးသတင်းအချက်အလက်များကို အသက်အရွယ်ကြီးသူများ ရှာဖွေမှုပိုများလာပြီး ၎င်းတို့ကြား လိင်ပိုင်းဆိုင်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းမည့် ဆွေးနွေးပွဲများနှင့် ဝန်ဆောင်မှုများ၊ သတင်းရင်းမြစ်များကို ရှာဖွေမှုပိုများလာကြောင်း လေ့လာမှု အသစ်တစ်ရပ်အရ သိရသည်။
အသက်(၅၀)ကျော်များအတွက် ရည်ရွယ်သည့် ဝက်ဘ်ဆိုက်အများအပြားမှ လိင်ကိစ္စနှင့် သက်ဆိုင်သော ဆွေးနွေးမှုများကို သုတေသီများက ပြန်လည်သုံးသပ်ရာတွင် အတူနေသူများကြား အသက်အရွယ်ကွာခြားမှု၊ အကြောင်းတစ်ခုကြောင့် ရှောင်ရှားလေ့ရှိသော လုပ်ရပ်၊ လိင်ပိုင်းဆိုင်ရာ စာပေနှင့်ရုပ်ရှင်များ၊ ပြည့်တန်ဆာအကြောင်း၊ လိင်ပိုင်းဆိုင်ရာ အထောက်အကူများ၊ လိင်စိတ်နှိုးဆွပေး သော ကိရိယာများနှင့် လိင်အားတိုးဆေးများ အသုံးပြုမှုတို့ကဲ့သို့ ကျယ်ပြန့်သော အကြောင်းအရာများကို ဆွေးနွေးရန် ၎င်းတို့ကို အမည်မဖော်စေဘဲ အင်တာနက်ပေါ်တွင် ဆွေးနွေးခွင့်ပေးခြင်းက အထောက်အကူပြုကြောင်း လေ့လာတွေ့ရှိခဲ့သည်။
အသက်အရွယ်ကြီးရင့်သူများစွာတို့သည် လိင်ကိစ္စကို စိတ်ဝင်စားမှုမြင့်မားပြီး ပါဝင်မှုလည်း မြင့်မားသည်ဟု သုတေသီ လီဇာဘာဒီချက်ဗ်စကီးက ပြောသည်။
သက်ကြီးရွယ်အိုများကြား အွန်လိုင်းတွင် လိင်ကိစ္စနှင့်ဆက်စပ် သော ဆွေးနွေးမှုများကို လူကြိုက်များမှုက သက်ကြီးရွယ်အိုများသည် သတင်းနှင့် အချက်အလက်များ အထောက်အကူရအောင် ကြိုးစား ရာတွင် ၎င်းတို့လိုအပ်ချက်များအတွက် စိတ်ကျေနပ်စေမည့် ဝက်ဘ်ဆိုက်များကို ရှာဖွေကြသည်ကို ပြသသည်။
ယခုလ့လာမှုအတွင်း ပါဝင်သော သက်ကြီးရွယ်အို အများ အပြားက ပြောကြားရာတွင် ၎င်းတို့သည် လိင်ကိစ္စအကြောင်းအရာ များကို ဆွေးနွေးလိုချိန်၌ ဆရာဝန်များ၏ဥပေက္ခာပြုခြင်းခံရမည်ကို စိုးရိမ်ကြပြီး ဆရာဝန်များထံ ၎င်းတို့ ယင်းသို့ ဖွင့်ပြောရန် စိုးရွံ့ကြ ကြောင်း ပြောကြားသည်။
ငယ်ရွယ်စဉ်က လိင်ကျန်းမာရေး ဗဟုသုတမရရှိခဲ့သူများသည် အွန်လိုင်းတွင် ဆွေးနွေးမှုများအတွင်း ပါဝင်ခြင်းရလဒ်အဖြစ် အလေ့ အထများနှင့် စိုးရိမ်မှုများကို ဆွေးနွေးရာတွင်ပို၍ သက်သောင့်သက် သာရှိလာနိုင်ကြောင်း ၎င်းတို့က အွန်လိုင်းတွင် မကြာခဏ ဖော်ပြလေ့ ရှိကြသည်။
ကျန်းမာရေးဝန်ဆောင်မှုပေးသူများအား ဖွင့်ပြောရမည့်အရေး စိုးရိမ်သော စိုးရိမ်မှုများနှင့်ပတ်သက်၍ အခက်အခဲများကို သက်ကြီးရွယ်အိုများ ကျော်ဖြတ်နိုင်ရန် သတင်းအချက်အလက်ရရှိနိုင်မှုနှင့် ပွင့်လင်းသော ပြောဆိုဆွေးနွေးမှုက အခွင့်အလမ်း ဖမ်းဆီးပေးသည် ဟု သုတေသီများက ပြောသည်။
7Day Daily

မှတ်ချက်များ