စာမေးပွဲ ခိုးဖြေသူတွေ စောင့်ကြပ် ထောက်လှမ်းဖို့ drone လေယာဉ်ငယ်တွေ အသုံးပြုမယ်
အရင်တုန်းက စာခိုးဖြေရင် လက်မှာ လက်မှာခိုးချမယ့်စာတွေ ရေးထား ဒါမှမဟုတ် စာရွက်အပိုင်းအစသေးသေးလေးတွေ ဖွတ်ယူသွားရပါတယ်။ အခုခေတ်မှာတော့ စာခိုးချသူတွေ ဒီဂျစ်တယ် စနစ်တွေဖြစ်လာပါတယ်။ ဒါ့ကြောင့်လည်း စားမေးပွဲခန်း စောင့်သူတွေ နည်းပညာသုံးပြီးတော့ပဲ တုံ့ပြန်ဖြေရှင်းလာရပါတယ်။
တရုတ်နိုင်ငံ Luoyang ပြည်နယ်က ကျောင်းတွေက စာခိုးချတဲ့ ကလေးတွေထက် သူတို့ပိုပါးနပ်ပါတယ် ဆိုတဲ့အကြောင်း သက်သေပြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကျောင်းသားတွေအနေနဲ့ ဆဲလ်ဖုန်း သို့မဟုတ် တခြား အဖြေခိုးချဖို့ အဆင်ပြေမယ့် ကိရိယာတွေ သုံးလာနိုင်ကြောင်း ကျောင်းက သဘောပေါက်ပါတယ်။
ဒါ့ကြောင့် အဆိုပါ drone ငယ်လေးတွေကို အထူး စီမံဆောင်ရွက်ခဲ့တာပါ။ ယင်း drone လေယာဉ်လေးတွေဟာ စာမေးပွဲခန်းအထက် မီတာ ၅၀၀ ကနေ မိနစ် ၃၀ ဝန်းကျင် ရစ်ဝဲ ပျံသန်းနိုင်မှာဖြစ်ပါတယ်။
ခိုးဖြေတာ ဘယ်တော့မှ အမြတ်မရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နည်းပညာကြောင့် ကိုယ့်အလိမ်ပေါ်လာတဲ့အခါ ဝန်ခံရပါလိမ့်မယ်။
Victor.PaaTung - Trend Myanmar

မှတ်ချက်များ