ပျားတစ်ကောင်ကြောင့် Flybe လေယာဉ် ၂ နာရီ ကြန့်ကြာ


ရေနွေးငွေ့ တာဘိုင်းတွေအနက် တစ်ခုမှာ ပျားတစ်ကောင် ပိတ်မိပြီးနောက် Flybe လေယာဉ် ပြသနာတက်နေခဲ့ပါတယ်။

စနေနေ့က Southampton ကနေ Dublin သို့ထွက်ခွာမယ့် Flight BE384 လေယာဉ်ဟာ အဲဒီ ထိခိုက်စေနိုင်တဲ့ အရာကြောင့် ၂ နာရီနောက်ကျခဲ့ပါတယ်။

ခရီးသည်ဖြစ်တဲ့ Mr Rooney က ဒါကို ယုံကြည်ရခက်တဲ့ ဖြစ်ရပ်လို့ ဖော်ပြပြောဆိုခဲ့ပါတယ်။ Flybe အတွက် ပြောရေးဆိုခွင့် ရှိသူတစ်ဦးက လေယာဉ်အပြင်ဘက်က အရေးကြီး အခရာကျတဲ့နေရာတစ်ခုမှာ စိုက်ဝင်နေတဲ့ ပျားတစ်ကောင်ကို အင်ဂျင်နီယာတွေ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပေါ်ထွန်း - Trend Myanmar

မှတ်ချက်များ