ဇူလိုင်လမှာ အယ်လ်ဘမ်သစ်ထွက်မယ့် Girl's Day အဖွဲ့


တောင်ကိုရီးယား မိန်း ကလေးအဆိုရှင်များအဖွဲ့ Girl's Day သည် အဖွဲ့လိုက်အနုပညာ လှုပ်ရှားမှုများကို တစ်နှစ်ခန့်နားခဲ့ ပြီးနောက် ယခုနွေရာသီတွင် စတူ ဒီယိုအယ်လ်ဘမ်သစ်ဖြင့် အနု ပညာလှုပ်ရှားမှုများကို ပြန်လည် စတင်မည်ဖြစ်သည်။

Girl's Day ကေပေါ့ပ်အဖွဲ့ သည် လာမည့်ဇူလိုင် ၆ ရက်တွင် စတူဒီယိုအယ်လ်ဘမ်သစ်ထွက်ရှိ မည်ဟု Girl's Day အဖွဲ့အေဂျင် စီ Dream Tea Entertainment က အတည်ပြုပြောကြားသည်။ အယ်လ်ဘမ်သစ်အတွက် ခေါင်း စီးသီချင်းရွေးချယ်နေမှုကြောင့် အချိန်ကြာ၍ အယ်လ်ဘမ်ထွက်ရှိ မည့်အစီအစဉ် နှောင့်နှေးရခြင်း ဖြစ်သည်ဟု အေဂျင်စီကပြော သည်။

Girl's Day အဖွဲ့သည် အချိန်တစ်နှစ်ခန့်ကြာပြီးနောက် တွင်မှ အယ်လ်ဘမ်ထွက်ရှိခြင်း ဖြစ်၍ ပရိသတ်များစွာသည် လာမည့်အယ်လ်ဘမ်သစ်ကို နှစ်သက်သဘောကျမည်ဟုမျှော် လင့်ကြောင်း အေဂျင်စီကပြော သည်။ Girl's Day အဖွဲ့သည် ဇူလိုင် ၆ ရက်တွင် အယ်လ်ဘမ် သစ်ထွက်ရှိမှုနှင့်အတူ အယ်လ် ဘမ်ပရိုမိုးရှင်းများ စတင်မည်ဟု သိရသည်။

7day Daily

မှတ်ချက်များ