iPhone 7 စတင်ဖြန့်ဖြူးမယ့်ရက် ပေါက်ကြား
စက်တင်ဘာ ၂၅ ရက်နေ့မှာ “New iPhone” စတင်ရောင်းချသွားမယ်လို့ Mobile News ဆီက ပေါက်ကြားသွားတဲ့ အီးမေးလ် သတင်းအရ သိရပါတယ်။
နောက်ထပ် Apple iPhone ဟန်းစက်ကို စက်တင်ဘာ ၂၅ ရက် ဖြန့်ချိ ရောင်းချမယ်လို့ Vadafone က အတွင်းလူ ဝန်ထမ်းတွေကို ပြောပြခဲ့ပါတယ်။
ဝန်ထမ်းတွေဆီ ပေးပို့တဲ့ အီးမေးလ်တစ်ခုမှာ operator အနေနဲ့ စက်တင်ဘာ ၁၈ ရက် ကစပြီး ပစ္စည်းကြိုတင် မှာယူမှု စနစ် စတင်မှာဖြစ်တဲ့ အကြောင်းအပါအဝင် operater မှ ကြိုတင် စီစဉ်ထားတဲ့ အချက်အလက်တွေကိုလည်း အကြမ်းဖျင်းဖော်ပြခဲ့ပါတယ်။
ယင်းပစ္စည်းကို “New iPhone” လို့ ဖော်ပြထားပါတယ်။ Screen အရွယ်အစား ပိုကြီးထားတဲ့ iPhone 6 Plus ရဲ့ နောက်ဆက်တွဲ မော်ဒယ်လ်တစ်ခုပဲဖြစ်မလားဆိုတဲ့ အကြောင်းကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ အရင်ကလည်း 6 Plus ကို “cannibalizing” လို့ဖော်ပြခဲ့ဖူးပါတယ်။
Apple က သူ့ရဲ့ နောက်ဆုံး အဓိကကျတဲ့ ထုတ်ကုန်သုံးခုကို စက်တင်ဘာလထဲမှာ စတင်ဖြန့်ဖြူးခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် ရောင်းချမှုအပိုင်းမှာ ပထမဆုံး နာမည်ထင်ရှားလာကတည်းက ခုချိန်ထိ ကုမ္ပဏီအနေဖြင့် iPhone အလုံးရေ ၇၀၀ မီလီလျံကျော် ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ စုစုပေါင်း မော်ဒယ်လ် (၈) မျိုး ထုတ်လုပ်ခဲ့ပါတယ်။
Victor.PaaTung - Trend Myanmar

မှတ်ချက်များ