Office 365 ရဲ့ လစဉ်ကြေးနဲ့ သုံးစွဲရမယ့် Microsoft WiFi
Microsoft ကုမ္မဏီဟာ တကမ္ဘာလုံးကို Skype က တဆင့် သန်းနဲ့ချီ ပမာဏ ရှိတဲ့ WiFi ရယူသုံးစွဲခွင့် ကို ပေးသွားဖို့ စီစဉ်ထားပြီးဖြစ်သလို ဒါဟာ ကုမ္မဏီအနေနဲ့ ၀ါယာလက် အင်တာနက် ၀န်ဆောင်မှု အတွက် စီမံကိန်း ကြီးကြီး တစ်ခုရှိနေတယ်ဆိုတာကို ဖော်ပြနေပါတယ်။
ကြားသိ ရတဲ့ သတင်းတွေအရတော့ Skype အမှတ်တံဆိပ်ဟာ Microsoft WiFi လို့ခေါ်တဲ့ platform တစ်ခုကို ဖန်တီးနေတာပဲ ဖြစ်ပါတယ်။ ထို သတင်းတွေ အရတော့ Microsoft WiFi ၀န်ဆောင်မှုဟာ ၂ သန်း ကနေ ၁၀ သန်း အထိရှိတဲ့ hotspot တွေကို ဖန်တီးပေးထားပြီး Microsoft ရဲ့Office 365 Enterprise ကို လစဉ်ကြေးပေးသွင်းပြီး သုံးစွဲဖို့ ဖြစ်လာစေရန် ဖန်တီးထားတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် Microsoft ဟာ သန်းပေါင်းများစွာသော WiFi ရယူသုံးစွဲသူတွေရဲ့ တည်နေရာ အတိအကျကို လည်း ဖော်ပြပေးနိုင်မယ့် ကြားခံ မြေပုံ တစ်ခုကိုလည်း ထည့်သွင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ အမေရိက မှာတော့ Boingo ၊ Xfinity WiFi နဲ့ Gowex hotspot တွေ ကို သုံးစွဲနေကြပြီး ဗြိတိန်နိုင်ငံမှာတော့ BT နဲ့ The Cloud တို့ရဲ့ Hotspot တွေကိုပဲ ရယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ Microsoft WiFi ကိုတော့ အခကြေးငွေ ဘယ်လောက်နဲ့ ရယူသုံးစွဲနိုင်မယ်လို့ မသတ်မှတ်ထားပေမယ့်လည်း Office 365 ရဲ့ လစဉ်ကြေးငွေ နဲ့ပဲ Microsoft WiFi ကို အခမဲ့ရယူသုံးစွဲနိုင်သွားမှာပါ။
ထို Office 365 ကိုတော့ Windows တွေနဲ့ Mac တွေအပြင် မိုဘိုင်းလ်တွေဖြစ်တဲ့ Android တွေနဲ့ iOS တွေမှာပါ ရယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။
( Mario ) - သစ်ထူးလွင်
Ref : Engadget

မှတ်ချက်များ