ဇွန်လအကုန်မှာ Yahoo ရဲ့ Maps site အပြီး ပိတ်တော့မယ်လို့သိရ
Yahoo က သူ့ Maps service ဝန်ဆောင်မှု ရပ်နားတော့မယ်လို့ တရားဝင်ဖော်ပြလိုက်ပါတယ်။
စတင်ဆောင်ရွက်ပြီးတဲ့ အချိန်က စလို့ ၈ နှစ်အကြာ လာမယ့် ဇွန်လ အကုန်မှာ သူ့ရဲ့ Maps ဝန်ဆောင်မှုလုပ်ငန်းကို Yahoo အပြီး ပိတ်တော့မှာ ဖြစ်ပါတယ်။
ဒါပေမယ့် လုံးဝ ဖယ်ထုတ် သွားမှာတော့ မဟုတ်ပါဘူး။ Search engine နဲ့ ဓာတ်ပုံတွေ ရှဲလုပ်တဲ့ဆိုက် Flickr အပါအဝင် အဲဒီထဲမှ တချို့ဝန်ဆောင်မှုတွေဟာ maps ကို ဆက်လက် ပံ့ပိုးမှုပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
၎င်းကမ္ပဏီ အနေနဲ့ ရိုးအီပြီး ငြီးငွေ့စရာ ကောင်းတဲ့ လုပ်ငန်းတွေကို ပုံမှန်ဆိုသလို ပိတ်သိမ်းတတ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ကလည်း ၁၉၉၅ ခုနှစ် စတင် တည်ဆောင်ခါစ အချိန်မှာ ကုမ္ပဏီရဲ့ အဓိက အုတ်မြစ်ဖြစ်ခဲ့တဲ့ Yahoo Directory ကို အပြီး ပိတ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ခွဲကာလအတွင်း ကုမ္ပဏီအနေနဲ့ လုပ်ငန်း ၆၀ ထက် မနည်း ရပ်နားခဲ့ပြီးဖြစ်ကြောင်းလည်း သိရပါတယ်။
ပေါ်ထွန်း - Trend Myanmar

မှတ်ချက်များ