1Cent တောင်မရှိတော့လို့ ဒေ၀ါလီခံလိုက်ရပြီဖြစ်တဲ့ 50Cent
50Cent ဟာ ဟစ်ပ်ဟော့ပ် ဟဲဗီးဝိတ် တစ်ဦးဖြစ်ခဲ့ပေမဲ့ သူဟာ ရိုက်ချခံလိုက်ရပြီး သူ့ကိုယ်သူ လူမွဲစာရင်းဝင် အဖြစ် ကြေညာခဲ့ပါပြီ။Candy Shop ရပ်ပ်ပါ 50Cent ဟာ ကွန်နက်တီကပ်ပြည်နယ်၊ ဟာ့တ်ဖို့ဒ်က တရားရုံးမှာ လူမွဲစာရင်းထွက်ရှိခဲ့တာဖြစ်ပြီး သူပိုင်ပစ္စည်း ကန်ဒေါ်လာ ၁၀မှ ၅၀ သန်းရှိတယ်လို့ Wall Street ဂျာနယ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
တရားသူကြီးက Rick Ross ရင်သွေးရဲ့မိခင်ဖြစ်သူ Lavonia Leviston ကို ကန်ဒေါ်လာ ၅သန်းပေးလျော်ဖို့ 50Cent ကိုအမိန့်ချမှတ်ခဲ့ပြီးနောက်မှာ လူမွဲစာရင်းဝင်သတင်း ထွက်ရှိလာတာပါ။ Lavonia Leviston ရဲ့ X အဆင့်ရှိ sex tape ကို သူမရဲ့ခွင့်ပြုချက်မရှိဘဲ 50Cent အင်တာနက်ပေါ်တင်ခဲ့တာကြောင့်ဖြစ်ပါတယ်။ကန်ဒေါ်လာ ၅သန်းတန် လျော်ကြေးကို 50Cent လိုလူတစ်ယောက်အနေနဲ့ ပေးလျော်နိုင်ဖို့ အခက်အခဲရှိနေတယ်ဆိုတာကလည်း ကျွန်တော်တို့အနေနဲ့ ယုံကြည်ရခက်စေပါတယ်။
Lavonia Leviston ကို မပေးလျော်ရအောင် ရှောင်တာပဲဖြစ်မယ်ဆိုတာ ရှင်းပါတယ်။ 50Cent ရဲ့ ပိုင်ဆိုင်မှုဟာ ပြီးခဲ့တဲ့မေလအတွင်းမှာ ကန်ဒေါ်လာ ၁၅၅သန်း ရှိတယ်လို့ Forbes မဂ္ဂဇင်းကလည်း ခန့်မှန်းတွက်ချက်ထားပါတယ်။ SMS headphones၊ Effen vodka နဲ့ Frigo underwear တွေမှာလည်း သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေရှိတာပါပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထင်မြင်ချက်တစ်စုံတရာပေးဖို့ မရှိပါဘူးလို့ 50Cent ရဲ့ ရှေ့နေ ကပြောသွားခဲ့ပါတယ်။50Cent တကယ်ပဲမွဲသွားပြီလို့ သင်တို့ရော ယုံကြည်ပါသလား။
Trend Myanmar

မှတ်ချက်များ