ကလေးအဖေဖြစ်တော့မယ့် One Direction အဆိုတော် Louis Tomlinson
One Direction အဖွဲ့မှ အဆိုတော် Louis Timlinson ဟာ သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်း ဖြစ်တဲ့ လော့စ်အန်ဂျလိစ်အခြေစိုက် စတိုင်လစ် Briana Jungwirth နဲ့ ကလေးအဖေဖြစ်တော့မယ်လို့ သတင်းရရှိပါတယ်။
One Direction စတား Louis Timlinson ဟာ ကလေးအဖေဖြစ်တော့မယ့်အကြောင်းနဲ့ သူတို့နှစ်ဦးဟာ ချစ်သူတွေမဟုတ်ကြကြောင်းကို သူတို့နှစ်ဦးစလုံးနဲ့ခင်တဲ့ သူငယ်ချင်းတစ်ဦးက ပြောပြသွားပါတယ်။ သူငယ်ချင်းဖြစ်သူတွေဟာ ဒီစုံတွဲကို ပြီးခဲ့တဲ့လ အနည်းငယ်တုန်းက မိတ်ဆက်ပေးခဲ့တာပါ။
“ကလေးအဖေတစ်ယောက် ဖြစ်လာတော့မယ်ဆိုတာကို Louis က ပျော်နေပြီး သိပ်ကိုရင်ခုန်နေတယ်။ ပြီးတော့ Briana ဟာလည်း မိခင်ကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ သူကယုံကြည်တယ်။ ပထမတော့ လုံးဝကို အံ့သြခဲ့ရတယ်။ ဒါပေမဲ့ သူနဲ့ Briana ဟာ သိပ်ကိုရင်းနှီးကြတဲ့ သူငယ်ချင်းတွေပါ။ ဒီကိစ္စက သူတို့ကို ပိုပြီးရင်းနှီးသွားစေတာပေါ့။” လို့ အမည်မဖော်လိုသူတစ်ဦးက People မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။
“သူတို့နှစ်ယောက်လုံးက ချစ်သူတွေမဟုတ်ကြပေမဲ့လည်း သူတို့ပျော်ရွှင်ကြမှာပါ။ သူတို့ ခင်မင်မှုက သိပ်ကို ခိုင်မာလွန်းပြီး နှစ်ယောက်စလုံးက ကလေးနဲ့ပတ်သက်ပြီး တကယ့်ကိုရင်ခုန်နေကြတယ်လေ။ ခုက ကိုယ်ဝန်အစောပိုင်းကာလဆိုတော့ Briana နဲ့ ကလေး နှစ်ယောက်စလုံးအတွက် ကျန်းမာရေးက အရေးအကြီးဆုံးအရာပါပဲ။” လို့ ထိုသူငယ်ချင်းက ထပ်ပြောသွားခဲ့ပါတယ်။
Trend Myanmar

မှတ်ချက်များ